Elected date for LSCS ဗိုက်ခွဲမွေးတာ ဘယ်နှစ်လမှာ အကောင်းဆုံးလဲ

၁။ ဆရာမင်္ဂလာပါ။ သမီးကမန္တလေးကပါ။ အခု ultrasound ရိုက်တာ 32wks size with placenta previa Type || လို့ ရေးထားတာ အဲဒါဆိုရင် ကိုယ်ဝန်က ၃၂ ပါ

Elected date for LSCS ဗိုက်ခွဲမွေးတာ ဘယ်နှစ်လမှာ အကောင်းဆုံးလဲ

Elected date for LSCS

၁။ ဆရာမင်္ဂလာပါ။ သမီးကမန္တလေးကပါ။ အခု ultrasound ရိုက်တာ 32wks size with placenta previa Type || လို့ ရေးထားတာ အဲဒါဆိုရင် ကိုယ်ဝန်က ၃၂ ပါတ်ဘဲ ရှိသေးတယ်ဆိုတဲ့သဘောပေါ့နော်။ OG ပေးတာက အခု ၃၆ ပတ်တဲ့ ဆရာ။ မွေးမှာက မိန်းကလေးပါ။ မိန်းကလေးဆို ၉ လနဲ့မွေးလို့ရပါသလား။ ဘယ်ဟာကအမှန်လဲမသိတော့လို့ပါ။

၂။ ဆရာခင်ဗျာ ကျန်တော်အမျီုးသမီး Ultrasound ရိုက်တာ မွေးရက်က 7.3.2015 နေ့ပါ။ OG ဆရာမက ဗိုက်နာအောင် စောင့်လိုမရပါ၊ 15 ရက်ခန့်စောမွေးရမည်ဟုပြောပါသည်။ အမျိုးသမီးအသက်က 35 နှစ်ပါ။ ကလေးက ယောက်ျားလေးပါ။ ပထမကိုယ်ဝန်နှင့် 5 နှစ်ခြားပါသည်။ သဘာဝရက်လေးရချင်လို့ပါ။

၃။ မင်္ဂလာနံနက်ခင်းပါဆရာ။ သမီးက မန္တလေးကပါ။ အခုသမီးကိုယ်ဝန်က ၆ လပါ။ မွေးမယ့် date ပေးထားတာ ၄ လပိုင်း ၁၂ ရက်နေ့ပါ။ သြင်္ကန်အကြိုနေ့ဖြစ်နေတယ်ဆရာ။ အဲဒါခွဲမွေးမှာဆိုတော့ တစ်လလောက်စောမွေးလို့ရပါသလားဆရာ။

EDD မွေးမဲ့ရက်တွက်တာမှာ LMP နောက်ဆုံးရာသီလာမဲ့ရက်ကိုအခြေခံနည်းနဲ့ Ultrasound နည်းလို့ရှိတယ်။ LMP နောက်ဆုံးရာသီလာခဲ့စဉ်က ပထမဆုံး သွေးဆင်းတဲ့ရက်ထဲကို ၉ လ နဲ့ ၇ ရက်ပေါင်းထည့်ရတယ်။ Ultrasound က တိကျပါတယ်။ နည်းနည်းစီကွာနိုင်တယ်။ ကွာပေမဲ့ ၂ ခုလုံးရဲ့ခန့်မှန်းချက်နဲ့ ရှေ့-နောက် ၁-၂ ပတ် ကွာနိုင်တယ်။ အဲတာလည်း အာလ်ထွာဆောင်း နောက်ကျမှရိုက်တာက ပိုနီးစပ်တယ်။

ကိုယ်ဝန် ၃၇-၃၈ ပါတ်နဲ့ မွေးလာမဲ့ကလေး ကောင်းကောင်းရှင်သန်နိုင်တယ်ဆိုတဲ့အယူအဆ ရှိထားပါတယ်။ ဒါကြောင့် အရင်ကဆိုရင် ကိုယ်ဝန် ၃၇ နဲ့ ၃၈ ပါတ်ကတည်းကခွဲမွေးကြတယ်။ ဒါပေမဲ့ ၂ဝ၁၁ ထဲမှာ ၄% ကျဆင်းလာပါတယ်။ ၃၉ ပါတ်နဲ့ ၄ဝ ပါတ်ထဲရောက်မှသာ ခွဲလာကြပါတယ်။ တကယ်မွေဘို့ခန့်မှန်းရက်နဲ့ နီးလေလေကောင်းလေလေ ဖြစ်ပါတယ်။

မဖြစ်မနေ ခွဲမွေးရမဲ့ကိုယ်ဝန်ဆိုရင် ၃၉ ပါတ်အထိစောင့်တာ အကောင်းဆုံးဖြစ်ပါတယ်။ ရာနှုန်းပြည့် ကောင်းတာကတော့ ဗိုက်နာတာ၊ ရေမြွာပေါက်တာ၊ သွေးဆင်းတာဆိုတဲ့ မွေးကာနီးလက္ခဏာတခုခု စဖြစ်တာနဲ့ ရိုးရိုးဖြစ်ဖြစ်၊ ခွဲမွေးတာဖြစ်ဖြစ် စတင်ဘို့ဖြစ်ပါတယ်။

စောလို့မသင့်ဘူးဆိုတာ မွေးလာမဲ့ကလေးအတွက်သာဖြစ်ပြီး၊ မိခင်အတွက်ကတော့ အားလပ်ရက်ရွေးတာ၊ နေ့ကောင်း ရက်သာ ရွေးနိုင်တာသာရှိပါတယ်။ Pregnancy Premature labor ကလေးစောမွေးခြင်းကို ဖတ်နိုင်ပါတယ်။

ပထမမေးခွန်းမေးတဲသူ အချင်းအနေအထားကြောင့် ခွဲမွေးရမယ်။

ဒေါက်တာတင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2015/03/elected-date-for-lscs.html


Healthy Life

253 Blog posts

Comments