ICSI infertility treatment ကလေးရအောင်လုပ်နည်း

• သားသမီးမရေသေးတာကို Infertility (အင်ဖါတလတီ) လို့ခေါ်တယ်။ အခုထိအသုံးများတဲ့ ကုသပေးနည်းက in-vitro fertilization (IVF) ဖြစ်တယ်။ လူသိ

ICSI infertility treatment ကလေးရအောင်လုပ်နည်း

IVF

• သားသမီးမရေသေးတာကို Infertility (အင်ဖါတလတီ) လို့ခေါ်တယ်။ အခုထိအသုံးများတဲ့ ကုသပေးနည်းက in-vitro fertilization (IVF) ဖြစ်တယ်။ လူသိသိပ်မများသေးတဲ့နည်းက intracytoplasmic sperm injection (ICSI) နည်းဖြစ်ပါတယ်။ သုက်ပိုးကို (ဆဲလ်) ထဲ ထိုးပေးနည်းပါ။ ၁၉၉ဝ ကျောက်တည်းက ပေါ်နေတာ ဖြစ်ပါတယ်။
• ဓါတ်ခွဲခန်းထဲမှာ သန္ဓေဖြစ်လာအောင် တခုတည်းသောမျိုးဥကို သုက်ကောင်ရေ ၃ သောင်းနဲ့ ထိတွေ့စေရတယ်။ ICSI နည်းမှာတော့ သုက်ပိုးတခုတည်းကိုသာ ဆေးထိုးသလိုထိုးပေးပါတယ်။ American Society for Reproductive Medicine (ASRM) အဆိုအရ ၅ဝ-၈ဝ% အောင်မြင်တယ်။
• ICSI နည်းကို ယောက်ျားဖက်က အားနည်းချက်ရှိနေတဲ့ အတွဲတွေကိုသုံးတယ်။ အဲလိုဖြစ်တာက ကလေးမရနိုင်သေးသူတွေအားလုံးထဲမှာ ၃ ပုံ ၁ ပုံရှိတယ်။ သုက်ပိုးအရေအတွက်နည်းတာ၊ သုက်ပိုး လှုတ်ရှားမှု မကောင်းတာနဲ့ သုက်ပိုးပုံပန်းအကောင်းနည်းတာတွေကြောင့် ကလေးမရကြတာဖြစ်တယ်။
• သူတို့ရဲ့ ကျားအစ့ (တက်စ်တိစ်) ကနေ သုက်ပိုးထုတ်ယူရတယ်။ ကလေးမရတော့အောင် သားကြောဖြတ်ထားတဲ့ ယောက်ျားတွေကိုလည်း ဒီနည်းနဲ့ လုပ်ပေးနိုင်ပါတယ်။ IVF နည်းနဲ့ကြိုးစားတာ မအောင်မြင်သူတွေကိုလည်း ဒီနည်းလုပ်နိုင်တယ်။ အောင်မြင်ပါမယ်လို့တော့ အာမမခံပါ။
• ICSI နည်းကို pre-implantation genetic testing (PGD) ခေါ်တဲ့ သန္ဓေမှာ DNA မျိုးဗီဇချို့ယွင်းချက်ရှိနေ မနေ စစ်ဆေးဘို့မှာလည်း သုံးနိုင်တယ်။
• အောင်မြင်မှုနှုန်းဟာ ICSI နဲ့ IVF အတူလောက်ဖြစ်တယ်။
• အားနည်းချက်တခုက မွေးရာပါချို့ယွင်းချက်ပိုဖြစ်နိုင်တယ်။ ဥပမာ ယောက်ျားလေးမွေးရင် ကျားအစိက အောက်ထိ ကျမလာတာ အဖြစ်ပိုတာတွေ့ရတယ်။ IVF နည်းကြောင့် မွေးရာပါချို့ယွင်းချက်ဖြစ်တာ ရ့၂% ရှိပြီး ICSI နည်းကနေ ၉့၉% ဖြစ်တာတွေ့ရတယ်။ ရိုးရိုးကိုယ်ဝန်ဆောင်သူတွေနဲ့ယှဉ်ရင် IVF နည်းကနေ ၂၆% နဲ့ ICSI နည်းကနေ ၇၇% ပိုတာတွေ့ရတယ်။
• ၁၉၉၆ ကနေ ၂ဝ၁၂ အတွင်း ICSI နည်းသုံးသူ ၃၆့၄% ကနေ ၇၆့၂% တိုးလာတယ်။
• ကလေးမရရအောင်လုပ်နည်းတိုင်းဟာ (ပါဖက်) မဖြစ်ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၅
SHARE
Credit Source: https://doctortintswe.blogspot.com/2015/04/icsi-infertility-treatment.html


Healthy Life

253 Blog posts

Comments