Male contraception is coming ယောကျားသုံး ကိုယ်ဝန်တားဆေးလာတော့မည်

၁၈-၆-၂ဝ၁၅ နေ့ထုတ် တယ်လီဂရပ်ဖ်သတင်းစာထဲကဖြစ်ပါတယ်။ Vasalgel ဆေးလို့ခေါ်တယ်။ ဟော်မုန်းမပါဘူး။ သတိထားဘို့က အဲဒီ

Male contraception is coming ယောကျားသုံး ကိုယ်ဝန်တားဆေးလာတော့မည်

၁၈-၆-၂ဝ၁၅ နေ့ထုတ် တယ်လီဂရပ်ဖ်သတင်းစာထဲကဖြစ်ပါတယ်။ Vasalgel ဆေးလို့ခေါ်တယ်။ ဟော်မုန်းမပါဘူး။ သတိထားဘို့က အဲဒီသတင်းကိုကြည့်ရင် ခေါင်းစဉ်မှာ Pills ဆေးလုံးလို့ ရေးထားတာတချက်နဲ့ ဆေးလုံးပုံကိုပါ ပြထားတယ်။ အဲတာ ၂ ခုလုံးမမှန်ပါ။ စားဆေးမဟုတ်ပါ။ ဆေးလည်းမပေါ်သေးပါ။ Pills လို့ပြောရင် ဆေးလုံးဆိုတာထက် တားဆေးလို့ နားလည်နေကြတယ်။

Vasalgel ဟာ Polymer ပေါ်လီမာဖြစ်တယ်။ ယောက်ျားရဲ့ သုက်ပိုးသွာရာလမ်းကို ထုံဆေးသုံးပြီး ဆေးထိုးပေးရတယ်။ ဆေးကနေ သုက်ပိုးတွေကို တားဆီးပေးမယ်။ အဲတာကို ပျော်သွားစေမယ့်ဆေးထိုးတာနဲ့ နဂိုလိုပြန်ဖြစ်မယ်။ ၂ဝ၁၆ မှာ စမ်းသပ်မှုလုပ်ပြီးရင် ဘယ်လောက်အထိ တာရှည်ခံမလည်း သိလာမယ်။

Parsemus Foundation ကနေသုတေသနလုပ်ထာတဲ့ ယောက်ျားသုံး ကိုယ်ဝန်မရေစေတဲ့တားဆေးဖြစ်ပါတယ်။ FDA ကနေ ပထမအဆင့်ကို အသိအမှတ်ပြုလိုက်ပါတယ်။ အဲတာဟာ ကွန်ဒွမ်နောက်မှာ ယောက်ျားသုံးစရာဖြစ်လာပါတယ်။ သုတေသနလုပ်သူတွေက ယောက်ျားလူဦးရေတဝက်လောက်က သုံးကြလိမ့်မယ်လို့ဆိုပါတယ်။

Gendarussa ခေါ်တဲ့ စားဆေးကို အင်ဒိုနီးရှားမှာ စမ်းသပ်မှု တတိယအဆင့်ရောက်နေပါပြီ။

ယူအက်စ်မှာစမ်းနေတာကတော့ anti-Eppin agent ဖြစ်တယ်။ သုက်ပိုးတွေကို ကူးခပ်သွားလာမှု မလုပ်စေအောင် လုပ်ပေးမယ်။ စားဆေးပဲဖြစ်တယ်။

အမျိုးသမီးသုံးတားဆေးတွေကို တချို့ကဘေးထွက်ဆိုးကျိုးတွေကို စိုးရိမ်ကြတယ်။ ၂ ယောက်မှာ ၁ ယောက်က ဆေးသောက်ဖို့ မေ့တတ်ကြတယ်။

စိတ်ချရတဲ့တားဆေးတွေ ပေါ်လာမှာဖြစ်ပေမယ့် ကွန်ဒွမ်ကိုတော့ ကူးစက်ရောဂါတွေကနေကာကွယ်ဘို့ လက်လွှတ်လို့ မဖြစ်ပါ။ သတိထားဘို့က ကွန်ဒွမ်ကလည်း ရာနှုန်းပြည့်တော့ အာမမခံပါ။ နှစ်ပါတ်လည်လေ့လာမှုအရ အတိအကျ သုံးမယ်ဆိုရင် ၂% လောက်သာကိုယ်ဝန်ရစေနိုင်တယ်။ လက်တွေ့မှာတော့ ၁၈% ကိုယ်ဝန်ရနေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/male-contraception-is-coming.html


Healthy Life

253 Blog posts

Comments