Underarm odor ချိုင်းချွေးနံ့

ဆရာရှင့် ကျွန်မအသက် ၃၈ နှစ်နို့တိုက်မိခင်တယောက်ပါ။ ကျွန်မအရင်က အရမ်းကြောက်တဲ့ရောဂါ အခုကိုယ်တိုင် ခံစာ

Underarm odor ချိုင်းချွေးနံ့

ဆရာရှင့် ကျွန်မအသက် ၃၈ နှစ်နို့တိုက်မိခင်တယောက်ပါ။ ကျွန်မအရင်က အရမ်းကြောက်တဲ့ရောဂါ အခုကိုယ်တိုင် ခံစားနေရပါတယ်။ ဆရာဖြေရှင်းပေးပါနော်။ ဂျိုင်းနံ့ဆိုးဆိုးဝါးဝါးနံလာခြင်းပါဆရာ။ ရေလဲနေ့တိုင်း ချိုးပါတယ်။ တကိုယ်ရေသန့်ရှင်းမှုလဲ သေချာဂရုစိုက်ပါတယ်။ ဒါပေမယ့် အမြဲအနံ့အသက်ထွက်နေတာ လူကြားထဲ မတိုးရဲအောင်ပါပဲရှင်။ ကျွန်မက အထက်တန်းပြဆရာမတယောက်ပါ။ ကျေးဇူးတင်ပါတယ်ရှင်။

ချိုင်းအနံ့ဆိုတာ ချွေးထွက်ရာကနေရစေတယ်။ ချွေးဆိုတာ ရေ + ဓါတ်ဆားဖြစ်တယ်။ ဗက်တီးရီးယားတွေကို ဖိတ်ခေါ်နေတယ်။

ဘယ်လိုလုပ်မလည်း။ အစားအသောက်ဂရုစိုက်ပါ။ အနံ့အသက်ပြင်းတာတွေရှောင်ပါ။ တခြားတိုင်းပြည်တွေမှာ စားသုံးတာနဲ့ မြန်မာတွေစားတာ မတူပါ။ ကိုယ့်အစာနဲ့ကိုသိပြီးဆင်ခြင်ရပါမယ်။ ကြက်သွန်ဖြူကတော့ပါမယ်။ ကြက်သွန်နီ၊ ငါး၊ အပူအစပ်၊ အသား မသင့်ပါ။ ရေသောက်မနည်းပါစေနဲ့။ တနေ့မှာ ၈-၁ဝ အောင်စသောက်ပါ။ အသီးတွေ၊ ဟင်းသီးဟင်ရွက်တွေကောင်းတယ်။ ကလိုရိုဖီးလ်များများပါတဲ့ ကိုက်လန်နဲ့ ဟင်းနုနွယ်ရွက်လည်း ကောင်းတယ်။ အစားအသောက်ထဲမှာ သွပ်ဓါတ်နဲ့ မက်ဂနီဆီယမ်ဓါတ် မနည်းစေရပါ။ စေ့အဆံတွေ၊ သစ်သီးတွေမှာပါတယ်။ ငှက်ပျောသီး၊ ထောပတ်သီး၊ သဘောၤသဖန်းသီး၊ ဖယုံစေ့၊ မြေပဲ။

လူနေမှုပုံစံပြင်ပါ။ ချွေးထွက်စေမှာကိုရှောင်ပါ။ အဝတ်အစား၊ အလုပ်၊ နေရာထိုင်ခင်းနဲ့ စိတ်အိုက်တတ်တာကိုဆင်ခြင်ပါ။ ရေချိုးတာပိုလုပ်ပါ။ ဗက်တီးရီးယားပိုကိုသေစေမဲ့ဆပ်ပြာသုံးပါ။ Dettol soap မျိုး။ ရေချိုးပြီး ရေခြောက်သွေ့စေပါ။ ပိုးမွှားတွေက စိုထိုင်းတာကိုကြိုက်တယ်။ ချိုင်းကို Strong deodorants နဲ့ Antiperspirants အမျိုးအစားသုံးပါ။ Deodorants က ပိုးသေစေတာတော့ မဟုတ်ပါ။ Antiperspirants ထဲမှာ aluminum chloride ပါလို့ချွေးနည်းစေမယ်။ တနေ့ ၂ ကြိမ်သုံးပါ။ Natural-fiber သဘာဝခြည် (ဝါဂွမ်းဖြစ်၊ ပိုးထည်၊ သားမွှေး) ထည်အဝတ်အစားသာဝတ်ပါ။ အဝတ်အစား အကြိမ်ပိုလဲပါ။ Relaxation techniques စိတ်ကိုဖြေလျှော့နည်း ကြိုးစာပါ။ ဥပမာ တရားထိုင်တာ။ သင့်တဲ့ယောဂလေ့ကျင့်ခန်း။ Superficial liposuction curettage ခွဲစိတ်နည်းနဲ့ ချွေးထွက်ဂလင်းတွေကို ဖျက်တာလည်းတချို့လုပ်ရတယ်။ ချိုင်းမှာ အမွှေးထူရင် ရိတ်ပါ။ ဆေးလိပ်မသင့်ပါ။ အရက်မသင့်ပါ။

Hydrogen peroxide လက်ဖက်ရည်ဇွန်း ၁ ဇွန်း + ရေ ဆ ခွက်ရောပါ။ White vinegar ဗနီဂါအဖြူသုံးနိုင်တယ်။ အဲဒါတခုခုနဲ့အဝတ်စိုစေပြီး ချိုင်းကိုဆေးပါ။ ဗက်တီးရီးယားတွေလည်းသေစေမယ်။ အရေပြား pH ပြောင်းစေမယ်။ ချိုင်းကို Baking Soda မုန့်ဖုတ်ပေါင်ဒါထည့်ပါ။ ဗက်တီးရီးယားတွေသေစေမယ်။ Aspirin and Cream of Tartar ဆေးကိုလည်း သုံးနိုင်တယ်။ Hazel ဟေဇယ်လ်သီးခေါ် နီညိုရောင်အသီး သုံးနိုင်တယ်။

အဝတ်အစားမှာ ချိုင်းချွေးကွက်နေတဲ့နေရာ လျှော်ဖွတ်ဘို့ Salt solution ဆားရည်နဲ့ Vinegar သုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/underarm-odor.html


Healthy Life

253 Blog posts

Comments