Diphtheria ဆုံဆို့ရောဂါ

ဆရာ့ရဲ့ ဘလော့စာမျက်နှာတွေကိုဝင်ကြည့်တာ ကြက်ညှာချောင်းဆိုး၊ မေးခိုင်တို့ကိုတွေ့တယ်။ ဆုံဆို့ကိုမတွေ့ဘ

Diphtheria ဆုံဆို့ရောဂါ

ဆရာ့ရဲ့ ဘလော့စာမျက်နှာတွေကိုဝင်ကြည့်တာ ကြက်ညှာချောင်းဆိုး၊ မေးခိုင်တို့ကိုတွေ့တယ်။ ဆုံဆို့ကိုမတွေ့ဘူးဆရာ။ ဆုံဆို့ဆိုတာ ဘာကိုပြောတာလဲဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါအုံးဆရာ။

ဆုံဆို့ရောဂါဟာ ကလေးတွေမှာ ဆိုးတဲ့ကူးစက်ရောဂါတခုဖြစ်တယ်။ အာခေါင်နေရာအဆုံမှာ ပိတ်ဆို့နေလို့ အဲလိုခေါ်တယ်။ ဆေးမကုရင် အသက်ကိုရန်ရှာမယ်။ မတိုင်ခင်မှာ နှလုံး၊ ကျောက်ကပ်နဲ့ အာရုံကြောစနစ်တွေကိုထိ ခိုက်မယ်။ ဖြစ်တဲ့ကလေး ၃% အသက်သေရတယ်။ အသက် ၁၅ နှစ်အောက်မှာသာဆိုးတယ်။

ပိုးဝင်ခံရပြီးနောက် ၂ ရက်ကနေ ၅ ရက်နေရင် ရောဂါလကဏာတွေဖြစ်လာမယ်။ အသံသြပြီး လည်ချောင်းနာမယ်။ ကိုယ်ပူ၊ ချမ်း၊ တက်စေ့တွေရောင်ပြီး အားနည်းနေမယ်။ ပါးစပ်ကိုဟချိုင်းပြီးကြည့်ရင် မီးခိုရောင် အလွှာတခုက အစာမျိုချရာနဲ့ လေဝင်ရာနေရာမှာ ပိတ်ကာနေတာမြင်ရမယ်။ အသက်ရှူတာခက်မယ်။ နှာရည်ယိုမယ်။ မအီမသာဖြစ်မယ်။ အရေပြားမှာဖြစ်တာလည်းရှိတယ်။ နာမယ်။ နီမယ်။ ရောင်မယ်။ အနာဖြစ်မယ်။ မီးခိုးရောင်အဖုံးလွှာ ဖြစ်မယ်။

Corynebacterium diphtheriae ဗက်တီးရီးယားကနေဖြစ်စေတယ်။ အသက်ရှူလမ်းကနေ ဝင်လာမယ်။ ရောဂါဖြစ်နေတဲ့ကလေး အသုံးအဆောင်တွေ၊ ထွက်တဲ့အရည်တွေ ကနေလည်း ကူးလာနိုင်တယ်။ အနာကနေလည်း ကူးနိုင်တယ်။

ကူးစက်မှုသံသယရှိတဲ့ကလေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိုးသေဆေးပေးနိုင်တယ်။ ကာကွယ်ဆေးထိုးပြီးသား ကလေးကို ထပ်ထိုတာလည်းလုပ်ပေးနိုင်တယ်။ DTaP vaccine ကလေးကာကွယ်ဆေးထဲမှာ ဆုံဆို့ + ြက်ညှာ + မေးခိုင် ရောဂါ ၃ မျိုးအတွက်ပါတယ်။ Tdap vaccine ကို လူကြီးတွေကိုပေးတယ်။ ၂ လ + ၄ လ + ၆ လ + ၁၂-၁၈ လ + ၄-၆ နှစ်၊ စုစုပေါင်း (၅) ခါထိုးပေးတယ်။ ၁၂ နှစ်မှာ ထပ်ထိုး ထိုးပေးတယ်။ နောက် ၁ဝ နှစ်နေရင် နောက်တခါထပ်ထိုး ထိုးပေးနိုင်တယ်။ ထပ်ထိုးမှာ tetanus-diphtheria (Td) vaccine နှစ်မျိုးတွဲကာကွယဆေးထိုးပေးနိုင်တယ်။

Antitoxin အဆိပ်ဖြေဆေးထိုးပေးရတယ်။ Antibiotics ပိုးသေဆေးပေးရမယ်။ Penicillin နဲ့ Erythromycin ပေးတယ်။ ဆေးရုံတက်ဘို့လိုနိုင်တယ်။ အာခေါင်မှာပိတ်နေတာကို ဖယ်ရှားပေးမယ်။ Diphtheria antitoxin 20,000-100,000 units အဆိပ်ဖြေဆေးနဲ့ Penicillin 250 mg တနေ့ ၄ ကြိမ်၊ သို့မဟုတ် Erythromycin 500 mg တနေ့ ၄ ကြိမ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၅

Credit Source: https://doctortintswe.blogspot.com/2015/12/diphtheria.html


Healthy Life

253 Blog posts

Comments