Paracetamol with Pepsi (ပါရာစီတမော) နဲ့ (ပက်စီ)

• Paracetamol with Pepsi (ပါရာစီတမော) နဲ့ (ပက်စီ) တွဲသောက်ရင် (ပါရာစီတမော) ခေါ်တဲ့ အကိုက်အခံပျောက်ဆေး၊ အဖျားကျဆေးထဲမှာ ၅ဝဝ

Paracetamol with Pepsi (ပါရာစီတမော) နဲ့ (ပက်စီ)

• Paracetamol with Pepsi (ပါရာစီတမော) နဲ့ (ပက်စီ) တွဲသောက်ရင် (ပါရာစီတမော) ခေါ်တဲ့ အကိုက်အခံပျောက်ဆေး၊ အဖျားကျဆေးထဲမှာ ၅ဝဝ မီလီဂရမ်ပါတာ များတယ်။ Coke/Pepsi ထဲမှာ (ကေဖင်း) ၅ဝ မီလီဂရမ်ပါတယ်။ Panadol Extra ထဲမှာ (ကေဖင်း) ၆၅ မီလီဂရမ်ပါတယ်။ ပုံမှန်ဆိုရင် (ပါရာစီတမော) ၂ ပြား = ၁ဝဝဝ မီလီဂရမ်နဲ့ (ကေဖင်း) ၅ဝ မီလီဂရမ်ပါတာကို တွဲသောက်တာနဲ့ ကျန်းမာရေးကို ထိခိုက်မှုမရှိပါ။ အစာအိမ်မှာတော့ အနေရခက်ပြီး ပျို့ချင်ချင်ဖြစ်နိုင်တယ်။

Paracetamol with Pepsi

• 2 Paracetamol (ပါရာစီတမော) ၂ ပြားသောက်ရင်
ဘာမှမဖြစ်ပါ။

• 3 Paracetamol (ပါရာစီတမော) ၃ ပြားသောက်ရင်
Paracetamol 300 mg ကျန်းမာရေးကောင်းနေသူကို ဒုက္ခမပေးနိုင်ပါ။ ဆေးကို ပိုသောက်လို့ အနာသက်သာစွမ်းကို တိုးမရပါ။ များများသောက်လေ အသဲကိုထိခိုက်လေဖြစ်မယ်။

• 4 Paracetamols (ပါရာစီတမော) ၄ ပြားသောက်ရင်
သိမ်မထူးလှပါ။ များများသောက်လေ အသဲကိုထိခိုက်လေဖြစ်မယ်။

• Overdose of Acetaminophen / Paracetamols (ပါရာစီတမော) များသွားရင်
အသဲကိုထိခိုက်မယ်။ လူကြီး ကျန်းမာရေးမှန်နေသူတယောက် အများဆုံးသောက်သင့်တာက 1 gram (1000 mg) per dose တခါသောက် ၁ဝဝဝ မီလီဂရမ် နဲ့ 4 grams (4000 mg) per day တနေ့မှာ ၄ဝဝဝ မီလီဂရမ်။ Vicodin ထဲမှာ (ပါရာစီတမော) 750 mg ပါတာကိုသတိထားပါ။

• Aspirin and Coke (အက်စပရင်) နဲ့ (ကုတ်) တွဲသောက်ရင်
ဘာမှမဖြစ်ပါ။

• Ibuprofen (အိုင်ဘူပရိုဖင်) နဲ့ Coke (ကုတ်) တွဲသောက်ရင် ဘာမှမဖြစ်ပါ။

• 10 Paracetamol (ပါရာစီတမော) ၁ဝ သောက်ရင်
အသဲမကောင်းရင် သေစေတဲ့ဆီအထိ ဦးတည်နေမယ်။

• 2 800mg Ibuprofen (အိုင်ဘူပရိုဖင်) ၂ ပြားသောက်ရင်
မသေစေပါ။ အသဲကိုတော့ ထိခိုက်မယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၃
Credit Source: https://doctortintswe.blogspot.com/2014/10/paracetamol-with-pepsi.html


Healthy Life

253 Blog posts

Comments