Ketamine စိတ်ကျလူနာအားတက်စရာသတင်း

Ketamine 'exciting' depression therapy http://www.bbc.co.uk/news/health-26647738
(ကက်တမင်း) ဆေးကိုစိတ်ဓါတ်ကျနေသူတွေကိုပေးတာစိတ်လှုပ်ရှားဖွယ် သက်သာစေ

October 30, 2014
Ketamine စိတ်ကျလူနာအားတက်စရာသတင်း

Ketamine 'exciting' depression therapy http://www.bbc.co.uk/news/health-26647738
(ကက်တမင်း) ဆေးကိုစိတ်ဓါတ်ကျနေသူတွေကိုပေးတာစိတ်လှုပ်ရှားဖွယ် သက်သာစေတာတွေ့ရတယ်လို့ ကနေထွက် ဘီဘီစီသတင်းမှာပါလာတယ်။

Ketamine

(ကက်တမင်း) ဆေးဟာမေ့ဆေးဖြစ်တယ်။ ဒါပေမဲ့ ညစ်ညမ်းဆေးအနေနဲ့လဲသုံးကြသေးတယ်။ သတိထားစရာ ညစ်ညမ်းဆေးတွေအကြောင်း အနည်းဆုံး ၃ ပုဒ်ရေးတင်ထားပါတယ်။ ဘလော့ခ်မှာသာ တင်ခဲ့ရာကနေ မေးတာတွေများလာလို့ ဖေ့စ်ဘွတ်မှာပါတင်ခဲ့တယ်။
1. Dirty drugs ညစ်ညမ်းဆေးဝါးများ http://dts-medicaleducation-adult.blogspot.in/2014/01/dirty-drugs.html
2. Dirty Medicines ညစ်ညမ်းဆေးတွေ http://dts-medicaleducation-adult.blogspot.in/2014/01/dirty-medicines.html
3. Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ http://dts-medicaleducation-adult.blogspot.in/2014/01/date-rape-drugs.html

Dirty drugs ညစ်ညမ်းဆေးဝါးများကိုပြန်လှန်တော့ Share 2787 ယောက် ရှိနေတာတွေ့ရတယ်။ စေတနာနဲ့ ထပ်ဆင့်သတိပေး၊ အသိပေးမှတ်ချက်တွေလဲမနည်းပါ။ ဒီအထဲမှာဆေးကြော်ညာတာလားလို့ အမေးခံရသေးတယ်။

(ကက်တမင်း) ဆေးကိုစိတ်ဓါတ်ကျနေသူတွေကိုပေးပြီးကုသတဲ့အခါ တချို့လူနာတွေမှာ နာရီပိုင်းအတွင်း သက်သာလာတာတွေ့ရလို့ သဆင်းခေါင်းစဉ်မှာစိတ်လှုပ်ရှားဖွယ် သက်သာစေတာတွေ့ရတယ်လို့ရေးထားတာဖြစ်ပါတယ်။

စမ်းသပ်မှုကတော့ သေးပါတယ်။ လူနာ ၂၈ ယောက်သာရှိသေးတယ်။လူ ၁ဝ ယောက်မှာ ၁ ယောက် တသက်မှာ အနည်းဆုံး ၁ ခါ၊ စိတ်ဓါတ်ကျတာခံစားနေကြပါတယ်။

Prozac လိုမျိုး Antidepressants စိတ်မကျဆေးသုံးတယ်။ Behavioural therapies အမူအယာကုသနည်းသုံးရပါတယ်။ စိတ်ဝေနာသည်တွေအတွက် စိတ်မကောင်းစရာကတော့ လူနာအတော်များများကုသနည်းမတိုးကြပါ။

Oxford Health NHS Foundation Trust ကနေ အဲလိုလူနာတွေကို Ketamine ဆေးကိုမိနစ် ၄ဝ ကြာ၊ ၆ ခါအထိ သွင်းပေးတယ်။ တချို့က ၆ နာရီနေတာနဲ့ ဆေးစွမ်းပြတယ်။ ၈ ယောက်ကတိုးတက်မှုပြတယ်။ ၄ ယောက်က ပျောက်သွားတဲ့အထိ ကောင်းလာကြတယ်။

စိတ်ကျလူနာတွေကို အနှစ်၂ဝ ကြာကုသပေးနေတဲ့ သုတေသနခေါင်းဆောင်ဆရာဝန်ကဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေ သတိထားရမှာမို့ အိမ်မှာတင်ဆေးကုတာမျိုးကိုမလုပ်သင့်ဘူးလို့ပြောတယ်။ Prozac ဆေးကိုလဲလက်မလွတ်ဘို့ သတိပေးပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၄-၄-၂ဝ၁၄
Credit Source: https://doctortintswe.blogspot.com/2014/10/ketamine.html


Healthy Life

253 Blog posts

Comments