ယဉ်ကျေးလိမ္မာ
ယဉ်ကျေးလိမ္မာ

ယဉ်ကျေးလိမ္မာ

@wekids

လူတော်တိုင်းလူကောင်းမဖြစ်ပါဘူးနော်
လူကောင်းဖြစ်ဖို့ကလေးတို့ငယ်စဉ်ကတည်းက
ကြိုးစားလေ့ကျင့်ယူသွားရင်ဖြစ်ပါတယ်
စာတော်တိုင်းလဲလူတော်မဖြစ်ပါဘူး
စာနာတတ်တဲ့စိတ်၊ငဲ့ညာတတ်တဲ့စိတ်
ကြီးသူကိုရိုသေရွယ်တူကိုလေးစားငယ်သူကိုသနားညှာတာတတ်တဲ့စိတ်တွေမွေးမြူရင်း
ထက်မြက်ပြီးထူးချွန်လိမ္မာတဲ့လူကောင်းလူတော်လေးတွေဖြစ်ပါစေကွယ်။
#တီတီလေး

ဒေါင်းယောင်ဆောင်သောကျီး
ကလေးတို့ရေ......
အရောင်လှလှဒေါင်းတောင်‌ေလး‌ေတွနဲ့လှပနေတဲ့‌ေဒါင်းနဲ့
အရောင်မဲမဲတအာအာအော်တတ်တဲ့ကျီးတို့ကို
မြင်ဖူးကြလားကွယ်....
ကလေးတို့ရောဘယ်အကောင်လေးကိုချစ်လဲ။

ကျီးရုပ်ဆိုးကြီးကဒေါင်းကလေးကိုအားကျပြီးဒေါင်းလိုမျိုးဖြစ်ချင်တော့ယုတ်မာတဲ့အကြံစည်တွေကြံတော့တာပေါ့ကွယ်။
ဒေါင်းမျိုးနွယ်ကလဲခဏပဲစောင့်ကြည့်တာပေါ့ဘယ်ငြိမ်ခံနေမလဲနော်။
ကျီးရုပ်ဆိုးကြီးကိုဝိုင်းပြီးတိုက်ထုတ်လိုက်ကြတာရုပ်ပျက်ဆင်းပျက်နဲ့ထွက်ပြေးရပါလေရော။
အဲ့ကျီးရုပ်ဆိုးကြောင့်အရှက်ရတယ်ဆိုပြီးကျီးမျိုးနွယ်တွေကလဲပြန်လက်မခံကြတော့ဘူးတဲ့ကွယ်။

ကိုယ့်နေရာကိုယ်မနေပဲဟန်ဆောင်လိမ်လည်တတ်တဲ့သူကိုဘယ်သူမှမကြိုက်ဘူးဆိုတာကလေးတို့သိရပြီနော်။
ကလေးတို့လဲကိုယ့်အမျိုးကိုစောင့်ရှောက်နိုင်တဲ့သူရဲကောင်း၊သူယုတ်မာကိုတိုက်ထုတ်နိုင်တဲ့သူရဲကောင်းတွေဖြစ်ပါစေလို့ဆန္ဒပြုလိုက်ရပါတယ်ကွယ်။
က‌ေလးတို့ကိုအမြဲချစ်ခင်‌ေနမယ့်တီတီလေး

Merry Christmas 🌲☃️☃️☃️🌲
ခရစ္စမတ်နီးပြီဆိုတော့
တီတီလေးရဲ့ babyလေးတွေအတွက်
သီချင်းလက်ဆောင်🎵🎵🎤🎤💕💕

ကလေးလေးတွေဆိုတာ
အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေ
🌟🌟🌟
#တီတီလေး

❤️ရုပ်လှဆေး❤️
မိဘတွေကိုချစ်ပါ။
လူကြီးသူမစကားနားထောင်ပါ။
တစ်ကိုယ်ရည်သန့်ရှင်းအောင်နေပါ။
ဆရာစကားလေးစားလိုက်နာပါ။
သူငယ်ချင်း‌ေတွအပေါ်ဗိုလ်မကျပါနဲ့။

အပေါ်ကအချက်လေးတွေကိုလိုက်နာရင်
တူ/တူမအချောလေးတွေဖြစ်မှာပါနော်။

#တီတီလေး