Clickers Corner
Clickers Corner

Clickers Corner

@clickerscorner

“တော်လှန်ပြည်သူများ ဒီ ၃ ခု လုပ်ပေးပါ”

◾စကစ က ပြည်သူတွေ တော်လှန်ရေးထဲ ပါဝင်မှု တန့်သွားအောင်လို့ ရည်ရွယ်ပြီး လုပ်နေတာတွေ ရှိပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာ ရှိနေတဲ့ ပြည်သူတွေကိုပါ။

ပထမတစ်ခုကတော့ Kpay အကောင့်တွေကို ပိတ်ပစ်တာ၊ လိပ်စာနဲ့ လိုက်လံဖမ်းဆီးတာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဆိုရှယ်မီဒီယာမှာ တင်ထား၊ ရှယ်ထားတဲ့ ပို့စ်တွေ၊ မန့်တွေကို Ss ယူပြီး ဖမ်းတာပါ။

◾ဒီတော့ ငွေကူဖို့ တွန့်ကုန်တယ်။ ငွေကောက်ခံရတာလည်း ခက်သွားတယ်။ Kpay ထဲ ပိတ်မိနေတဲ့ ငွေပေါင်းမြောက်များစွာ ရှိသလို၊ သူ့ကြောင့် ဖမ်းခံလိုက်ရတဲ့သူတွေလည်း အများကြီး ရှိတယ်။ ဒါကြောင့်လည်း Kpay နဲ့ ပတ်သက်တာတွေ အပျော်သဘောလောက်နဲ့တောင် မတင်ကြတော့ဖို့ ပြောနေကြတာပါ။ အကြောင်းမဲ့သက်သက် Blame လုပ်နေတာ မဟုတ်ပါဘူး။ မဖြစ်လို့ ဆက်သုံးနေရတာ၊ Boycott မလုပ်နိုင်သေးတာ နားလည်ပေမဲ့ Kpay ဟာ တော်လှန်ရေးကို အတော်လေး အနှောင့်အယှက် ပေးခဲ့တယ်ဆိုတာတော့ မေ့မထားဖို့ လိုပါတယ်။

ပို့စ်တွေရှယ်တာ၊ မန့်တာကျ လိပ်စာမသိနိုင်ပေမဲ့ ကိုယ့် Friend list ထဲက ဒလန်တွေလက်ချက်ကြောင့် ထိကုန်ကြတာ များပါတယ်။ အဖမ်းမခံရတောင် Telegram Channel ထဲ ပါလာလို့ ရှောင်ရတိမ်းရနဲ့ဆို ဘယ်အဆင်ပြေမလဲ။

◾သို့သော်လည်း If there is a will, there is a way ဆိုတဲ့အတိုင်းပဲ စိတ်ဆန္ဒ ရှိဖို့ကသာ အဓိကပါ။ အဲ့လိုဆို နည်းလမ်းတွေ ရှာတွေ့လာတာပါပဲ။ စကစဘက်က ဒီလိုလုပ်တိုင်းသာ လက်လျှော့လိုက်ကြမယ်ဆို တော်လှန်ရေး ရှုံးသွားပါလိမ့်မယ်။

ဒါကြောင့်မို့ -

📌 ၁။ Kpay နဲ့ မလွှဲရဲရင် တခြားနည်းနဲ့ ငွေလွှဲလို့ ရတာတွေ ရှိပါတယ်။ NUGPay ဆိုလည်း ဖွင့်ထားလို့ ရတယ်။ ပုံမှန်အချိန်ဆို ဖုန်းထဲမှာ မထားထားနဲ့။ သုံးဖို့လိုမှ Install လုပ်လိုက်။ Fundraiser တွေဆိုလည်း ပြည်သူတွေ အဆင်ပြေ ဘေးကင်းစွာနဲ့ ပါဝင်နိုင်အောင် ဘက်ပေါင်းစုံကနေ စဉ်းစားပြီး လုပ်ပေးနေကြပါတယ်။ ဒါကြောင့် သတိတော့ ထား၊ တစ်ဖက်ကလည်း အကြောက်တရားကို တွန်းထုတ်ဖို့ လိုမယ်။

📌 ၂။ အကောင့်တုတစ်ခု ဖွင့်ထားဖို့ပါ။ Profile Lock ချထားရင် အပြင်လူက ဝင်ကြည့်မရပါဘူး။ သို့သော် အခုက ကိုယ့် Friend ထဲကချည်း ဒလန်လုပ်နေတာ များပါတယ်။ Friend list ကို ဘယ်လောက်စစ်ထား စစ်ထား၊ ဘယ်သူက ကိုယ့်ကို မနာလို ကြိတ်ဖြစ်နေတယ် မသိနိုင်ဘူး။။ ဒါကြောင့် အကောင့်တု ဖွင့်လိုက်တာ အကောင်းဆုံးပါပဲ။

ကိုယ်စိတ်ချယုံကြည်ရတဲ့၊ ကိုယ်နဲ့ ရင်ဘတ်ချင်းတူတဲ့ တော်လှန်ရေး မိတ်ဆွေတွေကို အကျိုးအကြောင်း ပြောပြပြီး Add ထား။ ဒါဆို Mutual friend လည်း ရှိသွားမယ်။ ပြီးရင် အဲဒီအကောင့်နဲ့ တော်လှန်ရေး ပို့စ်တွေကို ရှယ်ပေး။ ကွန်မန့်တွေ ပေးပေး။

ခုနောက်ပိုင်း ဖေ့စ်ဘွတ်ကလည်း နိုင်ငံရေးပို့စ်တွေကို ပျံ့နှံ့မှု နည်းသွားအောင် Reach တွေ ချနေတယ်လို့ ကြားရတယ်။ ဒီအတွက် -

• တော်လှန်ရေးနဲ့ ဆိုင်တဲ့ ပို့စ်တွေ ပိုပျံ့ဖို့အတွက် ကွန်မန့်များများ ပေးဖို့ (တာဝန်တစ်ခုလို သဘောထားပြီးသာ မန့်ပေးပါ)
• တော်လှန်ရေးနဲ့ ဆိုင်တဲ့ အကောင့်တွေ၊ ပေ့ချ်တွေကို Favorite (See first) လုပ်ထားဖို့
• Newsfeed မှာ ပေါ်လာမှ မဟုတ်ဘဲ၊ အချိန်ပေးပြီး တကူးတက ဝင်ကြည့်ပေးဖို့
• Telegram Channel တွေ ရှိရင် Join ထားဖို့ စသဖြင့် လိုပါလိမ့်မယ်။

ဒါမှသာ သတင်းစီးဆင်းမှုတွေ လျော့မသွားမှာပါ။ မြေပြင်က ရဲဘော်တွေအနေနဲ့လည်း ဖေ့စ်ဘွတ်ပေါ် တက်ကြည့်လိုက်ရင် တော်လှန်ရေးပဲ ပြီးသွားသလိုမျိုး၊ ပုံမှန်အတိုင်း တခြားကိစ္စတွေကပဲ နေရာယူထားတာမျိုး မဖြစ်တော့ဘူးပေါ့။ ဒါဆို သူတို့လည်း စိတ်ဓါတ်မကျရတော့ဘူး။ အပြစ်မတင်မိတော့ဘူး။

📌 ၃။ အပေါ်က နှစ်ချက်ကို အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ဘူး ဆိုရင်တောင် Click လုပ်တာလေးကိုတော့ နေ့စဉ် မပျက်မကွက် လုပ်စေချင်ပါတယ်။ ဒီအတွက်ကတော့ ဘယ်လိုအဖမ်းအဆီးကိုမှ စိုးရိမ်နေစရာ မလိုပါဘူး။ ဒီလောက်ကလေးတော့ဖြင့် နေ့စဉ်မှန်မှန် လုပ်စေချင်ပါတယ်။ အဲဒီကနေ ဘယ်လောက်ထိ Fund တွေ ရတယ်ဆိုတာလည်း သိနေတာပဲမို့လား။

◾စစ်တပ်ကိုတော့ မကြိုက်ဘူး။ သို့သော် ဖေ့စ်ဘွတ်မှာလည်း ဘာမှမတင်ရဲဘူး။ နောက်ကွယ်ကနေ ငွေကူဖို့လည်း ကြောက်ပြန်တယ်။ Click လည်း မလုပ်ဘူး။ ဘယ်နေရာကမှလည်း ဝင်မပါဘူး ဆိုရင်တော့ အတော်လေး တစ်ကိုယ်ကောင်းဆန်ရာ ရောက်ပါလိမ့်မယ်။ ရွာလုံးကျွတ် မီးရှို့ခံလိုက်ရတဲ့ အိမ်တွေ၊ သေကွဲကွဲသွားကြတဲ့ မိသားစုတွေ၊ အန္တရာယ် အခက်အခဲပေါင်းစုံကြားကနေ တော်လှန်နေကြတဲ့ လူငယ်တွေကို နည်းနည်းတော့ အားနာကြစေချင်ပါတယ်။

အောင်မြင်သွားရင် ရမဲ့ အသီးအပွင့်ကို အားလုံးခံစားကြရမှာပဲ မဟုတ်ဘူးလား။ ဒါကြောင့် တတ်နိုင်တဲ့ နေရာကနေ ပါဝင်ပေးနေကြဖို့ကို တောင်းဆိုပါရစေခင်ဗျာ။

◾ပြန်ချုပ်ပြောရရင်တော့ -

၁။ ဘေးကင်းလုံခြုံတဲ့ နည်းလမ်းတွေနဲ့ ငွေလွှဲဖို့ ပြင်ဆင်ပါ။ ဖြစ်နိုင်ရင် NUGPay လည်း ဖွင့်ထားပါ။

၂။ ကိုယ်မှန်း မသိနိုင်တဲ့ အကောင့်သစ်တစ်ခု ဖွင့်ထားပါ။ အဲဒီအကောင့်နဲ့ တော်လှန်ရေး ပို့စ်တွေမှာ ကွန်မန့်ပေးပါ။ ရှယ်ပေးပါ။

၃။ နေ့စဉ်မှန်မှန် Click လုပ်ပါ။

#post_credit_dr.Phio Thiha
#photo_credit_google

image