ကျနော့် သူငယ်ချင်းတစ်ယောက်က ရိုးရိုးပဲအောင်တယ်...
သူက guitar တစ်အား တီးချင်တဲ့ကောင်... အချိန်ပြည့် ဂစ်တာလေးနဲ့ ...
သူက ဒီ တက္ကသိုလ်ဝင်တန်းကို သူ့ ဝါသနာနောက် သူစီးမြောရင်း သက်တောင့်သက်သာလေး အောင်လာတာ....။
သူက ကျနော့်ကို မေးခွန်းမေးတယ်
နွေဦးကာလာ မြူ ထသောခါ ကို ဘယ်လိုနားလည်လဲတဲ့...။
တျာချင်းဖြစ်ကြောင်း ဝန်ကြီး ပဒေသရာဇာရေးကြောင်း ထန်းတက်သမား မိသားစုရဲ့ ဘဝကို သရုပ်ဖော်ခြင်း ဖြစ်ကြောင်း စာထဲက ပါတဲ့အတိုင်း သူ့ ကို ပြောပြမိတယ်...။
သူက ခေါင်းခါပြပြီး ငါမေးတာ အဲ့ဒီလို မဟုတ်ဘူးတဲ့....။
ခေတ်ကိုနှိုင်းယှဉ်မယ် ဆိုရင် သူတို့ ခေတ်မှာလည်း entertainment သဘောလေးတွေ ရှိသတဲ့ဗျာ ။
ဒါနန်းတွင်းက ပြည်သူကို ပြန်ဖျော်ဖြေပေးတာ မျိုးဖြစ်နိုင်တယ်တဲ့...။
အင်မတန် ပူအိုက်တဲ့ အညာဒေသနွေရာသီဟာ စိတ်ပျက်ဖွယ် အတိပဲ... ဒီလို အချိန်အခါမျိုးမှာ ကျေးလက်နေ ထန်းတက် သမားမိသားစုရဲ့ မပြည့်စုံမှုလေးကို ကရုဏ ရသမှာ ဟာသလေးနှောရင်း ဘုရင့်နားတော်ပေါက်အောင် ရည်ရွယ်တာမျိုး မဖြစ်နိုင်ဘူးလားတဲ့ ။
Read more >>> ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ......

