/// Zawgyi Version ///
`ဘ၀မွာ သံေ၀ဂရလြယ္ေသာ အခ်ိန္အခါမ်ား '
===============================
၁။ ကံဆိုးမိုးေမွာင္က်တဲ့အခါ …
သာမန္အခ်ိ္န္မွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္အရမ္းခင္မင္တဲ့လူေတြပါ။ ေဟးလား၀ါးလား၊ ေပ်ာ္ေပ်ာ္ပါးပါး၊ စားၾကေသာက္ၾကနဲ႔တစ္ကယ့္ညီရင္းအစ္ကို အတိုင္းပါပဲ။

အဲ…ကံဆိုးမိုးေမွာင္က်ၿပီေဟ့ဆိုရင္.. သံေ၀ဂရစရာေတြအမ်ားႀကီးပဲ၊ ပတ္သက္မွာေၾကာက္လို႔ အေ၀းေရွာင္သြားတဲ့လူ၊ မသိမျမင္သလိုေနတဲ့လူ၊ ျပက္ရယ္ျပဳတဲ့လူ၊ ေရနစ္ခ်ိန္မွာ၀ါးကူထိုးတဲ့လူ၊ အခြင့္သာတုန္းမွာ လက္ႏိုက္တဲ့လူ စသည္စသည္ျဖင့္ေတြ႔ရတတ္ၿပီး တကယ္ကူညီတဲ့လူ ရိွတယ္ဆိုရင္ေတာင္မွ အေရအတြက္အားျဖင့္ သံေ၀ဂရစရာႀကီးပါ။

၂။ အႀကီးအက်ယ္ဖ်ားနာၿပီးတဲ့အခါ
သာမန္အခ်ိ္န္မွာ ဂုဏ္ေတြ အဆင့္အတန္းေတြ အမည္နာမေတြ မ်က္နာေတြ ပိုင္ဆိုင္မူေတြ ဟိုဟာအေရးႀကီးသလိုလို ဒီဟာပိုအေရးႀကီးသလိုလိုနဲ႔ အႀကီးအက်ယ္ဖ်ားနာၿပီေဟ့ဆိုရင္ က်န္းမာေရးထက္ ဘာမွအေရးမႀကီးပါလားဆိုတာ နားလည္သြားပါတယ္။

က်န္းမာေရးဆိုတာမ်ဳိးက သူ႔ကိုပိုင္ဆိုင္ေနတဲ့အခ်ိန္အခါမွာ ဘာမွမဟုတ္သလို ခံစားရေပမဲ့ တကယ္ဆံုးရံူးသြားတဲ့အခါက်ရင္ ေလာကႀကီးတစ္ခုလံုး သံေ၀ဂ ရစရာေတြႀကီးႀကီးပါ။

၃။ ရာထူးျပဳတ္က်သြားတဲ့အခါ
ရာထူး ဘုန္းမီးေနလ ထြန္းေတာက္စဥ္အခါက စည္ကားလိုက္တဲ့ အသိမိတ္ေဆြမ်ား၊
ေဆြမ်ဳိးသဂႍဟမ်ား၊ သူငယ္ခ်င္းအေပါင္းအသင္းမ်ား၊ အိမ္မွာဆိုရင္လည္း ေဆြမ်ဳိးေတြက စံုလို႔၊ အခါႀကီးရက္ႀကီးမွာ ကန္ေတာ့လာတဲ့လူေတြဆို ကန္ေတာ့ဘို႔ အလွည့္နဲ႔ တန္းစီရတယ္။

ရုတ္တရက္ ရာထူးျပဳတ္သြားေတာ့ ဒီလူေတြအားလံုး ကိုယ့္ကိုေတြ႔ဖို႔ေတာင္ တေရွာင္ေရွာင္နဲ႔၊ အားလံုးမ်က္နာစိမ္းေတြလို။ တစ္ခ်ိန္တုန္းက ေပးခဲ့ ကမ္းခဲ့ ကန္ေတာ့ခဲ့ အဘ အဘႀကီးလို႔ ႏူတ္မွ တဖြဖြ ေခၚခဲ့ ထူးခဲ့ တာေတြအားလံုးဟာ ရာထူးနဲ႔သာသက္ဆိုင္ၿပီး ငါဆိုတဲ့ လူသားအစစ္အမွန္က်ေတာ့ စဥ္းစားေလ သံေ၀ဂ ရစရာျဖစ္ေလပါပဲ။

၄။ ပင္စင္စားၿပီးသြားတဲ့အခါမွာလည္း
အရင္တုန္းက တပည့္အရင္းေခါက္ေခါက္ေတြ၊ လုပ္ေဖၚကိုင္ဖက္ေတြ၊ ယုတ္ဆြအဆံုး အေပါင္းအသင္းေဟာင္းေတြဟာ တျဖည္းျဖည္းနဲ႔ မသိမသာ စြန္႔႔႔ခြာလို႔ သြားႀကတာေတြ႕ရပါတယ္။

တကယ္တမ္းက်ေတာ့ အရင္တုန္းက ပိုင္ဆိုင္တယ္လို႔ ထင္ခဲ့ရတဲ့ ေလးစားၾကည္ညိုမူေတြ၊ ေနာက္လိုက္ေနာက္သား ေတြ၊ ဂုဏ္ျဒပ္ေတြ အားလံုးဟာ ကိုယ့္ေၾကာင့္အစစ္အမွန္မဟုတ္ပဲ ကိုယ့္လက္ထဲမွာရိွခဲ့တဲ့ လုပ္ပိုင္ခြင့္ေတြပါကလား ဆိုၿပီး သံေ၀ဂ ယူစရာပါ။

၅ ။ ေသဆံုးခါနီးတဲ့အခါ
ဒီတစ္ႀကိမ္ေတာ့ တကယ္ ေသဆံုးတာ့မယ္ဆိုတာ ကိုယ့္ကိုကို သိလိုက္ရတဲ႔အခ်ိန္မွာ မွားတာမွန္တာ၊ ေကာင္းတာဆိုးတာ၊ ဂုဏ္ရိွဂုဏ္မဲ့တာ၊ ပိုင္ဆုိင္တာ ဆံုးရံူးတာ ေတြအားလံုး ကိုယ့္အတြက္ ဘာမွအက်ဳိးမရိွေတာ့ပါဘူး။

ကိုယ္အရမ္းခ်စ္တဲ့လူေတြကို အနီးအနားမွာ ရိွေစခ်င္တယ္။ ကိုယ္မုန္းခဲ့တဲ့လူေတြကိုလည္း ခြင့္လြတ္ပါလို႔ ေတာင္းပန္လိုက္ခ်င္ပါတယ္။ ကို္ယ့္ကို ေစာ္ကားျပစ္မွားခဲ့တဲ့လူေတြကိုလည္း ခြင့္လြတ္ပါတယ္ဆိုတဲ့အေၾကာင့္ စိတ္ထဲမွာ ဘာမွ မထားတဲ့အေၾကာင္းေျပာသြားခ်င္ပါေသးတယ္။

ဒါေပမဲ့ .... ဘာမွေျပာလို႔မရေတာ့ပါဘူး။

သူမ်ားေဘးကေျပာေနတာေတြအားလံုးေတာ့ ၾကားေနရေသးတယ္။ ရွင္းရွင္းႀကီး သိေနေသးတယ္။

အမွန္ေတာ့ ေသခါနီးက်ရင္ ေနာင္တရစရာအမ်ားႀကီးပါ။

`တန္ဖိုးထားသင့္တာေတြကို တန္ဖိုးမထားခဲ့ဘူး၊ ႀကိဳးစားသင့္တာေတြကို ေကာင္းေကာင္းမႀကိဳးစားခဲ့ဘူး။ '

ေအာ္…ေနာက္ဆံုးေတာ့လည္း
သံေ၀ဂ ရတာကလြဲလို႔ ………………………………

Credit: ဓမၼေရခ်မ္းစင္
📖 Lwin Pyin မွတစ္ဆင့္မွီျငမ္းျပဳေရးသားပါသည္။

/// Unicode version ///

`ဘဝမှာ သံဝေဂရလွယ်သော အချိန်အခါများ '
===============================
၁။ ကံဆိုးမိုးမှောင်ကျတဲ့အခါ …
သာမန်အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်အရမ်းခင်မင်တဲ့လူတွေပါ။ ဟေးလားဝါးလား၊ ပျော်ပျော်ပါးပါး၊ စားကြသောက်ကြနဲ့တစ်ကယ့်ညီရင်းအစ်ကို အတိုင်းပါပဲ။

အဲ…ကံဆိုးမိုးမှောင်ကျပြီဟေ့ဆိုရင်.. သံဝေဂရစရာတွေအများကြီးပဲ၊ ပတ်သက်မှာကြောက်လို့ အဝေးရှောင်သွားတဲ့လူ၊ မသိမမြင်သလိုနေတဲ့လူ၊ ပြက်ရယ်ပြုတဲ့လူ၊ ရေနစ်ချိန်မှာဝါးကူထိုးတဲ့လူ၊ အခွင့်သာတုန်းမှာ လက်နိုက်တဲ့လူ စသည်စသည်ဖြင့်တွေ့ရတတ်ပြီး တကယ်ကူညီတဲ့လူ ရှိတယ်ဆိုရင်တောင်မှ အရေအတွက်အားဖြင့် သံဝေဂရစရာကြီးပါ။

၂။ အကြီးအကျယ်ဖျားနာပြီးတဲ့အခါ
သာမန်အချိန်မှာ ဂုဏ်တွေ အဆင့်အတန်းတွေ အမည်နာမတွေ မျက်နာတွေ ပိုင်ဆိုင်မူတွေ ဟိုဟာအရေးကြီးသလိုလို ဒီဟာပိုအရေးကြီးသလိုလိုနဲ့ အကြီးအကျယ်ဖျားနာပြီဟေ့ဆိုရင် ကျန်းမာရေးထက် ဘာမှအရေးမကြီးပါလားဆိုတာ နားလည်သွားပါတယ်။

ကျန်းမာရေးဆိုတာမျိုးက သူ့ကိုပိုင်ဆိုင်နေတဲ့အချိန်အခါမှာ ဘာမှမဟုတ်သလို ခံစားရပေမဲ့ တကယ်ဆုံးရူံးသွားတဲ့အခါကျရင် လောကကြီးတစ်ခုလုံး သံဝေဂ ရစရာတွေကြီးကြီးပါ။

၃။ ရာထူးပြုတ်ကျသွားတဲ့အခါ
ရာထူး ဘုန်းမီးနေလ ထွန်းတောက်စဉ်အခါက စည်ကားလိုက်တဲ့ အသိမိတ်ဆွေများ၊
ဆွေမျိုးသင်္ဂံဟများ၊ သူငယ်ချင်းအပေါင်းအသင်းများ၊ အိမ်မှာဆိုရင်လည်း ဆွေမျိုးတွေက စုံလို့၊ အခါကြီးရက်ကြီးမှာ ကန်တော့လာတဲ့လူတွေဆို ကန်တော့ဘို့ အလှည့်နဲ့ တန်းစီရတယ်။

ရုတ်တရက် ရာထူးပြုတ်သွားတော့ ဒီလူတွေအားလုံး ကိုယ့်ကိုတွေ့ဖို့တောင် တရှောင်ရှောင်နဲ့၊ အားလုံးမျက်နာစိမ်းတွေလို။ တစ်ချိန်တုန်းက ပေးခဲ့ ကမ်းခဲ့ ကန်တော့ခဲ့ အဘ အဘကြီးလို့ နူတ်မှ တဖွဖွ ခေါ်ခဲ့ ထူးခဲ့ တာတွေအားလုံးဟာ ရာထူးနဲ့သာသက်ဆိုင်ပြီး ငါဆိုတဲ့ လူသားအစစ်အမှန်ကျတော့ စဉ်းစားလေ သံဝေဂ ရစရာဖြစ်လေပါပဲ။

၄။ ပင်စင်စားပြီးသွားတဲ့အခါမှာလည်း
အရင်တုန်းက တပည့်အရင်းခေါက်ခေါက်တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ယုတ်ဆွအဆုံး အပေါင်းအသင်းဟောင်းတွေဟာ တဖြည်းဖြည်းနဲ့ မသိမသာ စွန့့်ခွာလို့ သွားကြတာတွေ့ရပါတယ်။

တကယ်တမ်းကျတော့ အရင်တုန်းက ပိုင်ဆိုင်တယ်လို့ ထင်ခဲ့ရတဲ့ လေးစားကြည်ညိုမူတွေ၊ နောက်လိုက်နောက်သား တွေ၊ ဂုဏ်ဒြပ်တွေ အားလုံးဟာ ကိုယ့်ကြောင့်အစစ်အမှန်မဟုတ်ပဲ ကိုယ့်လက်ထဲမှာရှိခဲ့တဲ့ လုပ်ပိုင်ခွင့်တွေပါကလား ဆိုပြီး သံဝေဂ ယူစရာပါ။

၅ ။ သေဆုံးခါနီးတဲ့အခါ
ဒီတစ်ကြိမ်တော့ တကယ် သေဆုံးတာ့မယ်ဆိုတာ ကိုယ့်ကိုကို သိလိုက်ရတဲ့အချိန်မှာ မှားတာမှန်တာ၊ ကောင်းတာဆိုးတာ၊ ဂုဏ်ရှိဂုဏ်မဲ့တာ၊ ပိုင်ဆိုင်တာ ဆုံးရူံးတာ တွေအားလုံး ကိုယ့်အတွက် ဘာမှအကျိုးမရှိတော့ပါဘူး။

ကိုယ်အရမ်းချစ်တဲ့လူတွေကို အနီးအနားမှာ ရှိစေချင်တယ်။ ကိုယ်မုန်းခဲ့တဲ့လူတွေကိုလည်း ခွင့်လွတ်ပါလို့ တောင်းပန်လိုက်ချင်ပါတယ်။ ကိုယ့်ကို စော်ကားပြစ်မှားခဲ့တဲ့လူတွေကိုလည်း ခွင့်လွတ်ပါတယ်ဆိုတဲ့အကြောင့် စိတ်ထဲမှာ ဘာမှ မထားတဲ့အကြောင်းပြောသွားချင်ပါသေးတယ်။

ဒါပေမဲ့ .... ဘာမှပြောလို့မရတော့ပါဘူး။

သူများဘေးကပြောနေတာတွေအားလုံးတော့ ကြားနေရသေးတယ်။ ရှင်းရှင်းကြီး သိနေသေးတယ်။

အမှန်တော့ သေခါနီးကျရင် နောင်တရစရာအများကြီးပါ။

`တန်ဖိုးထားသင့်တာတွေကို တန်ဖိုးမထားခဲ့ဘူး၊ ကြိုးစားသင့်တာတွေကို ကောင်းကောင်းမကြိုးစားခဲ့ဘူး။ '

အော်…နောက်ဆုံးတော့လည်း
သံဝေဂ ရတာကလွဲလို့ ………………………………

Credit: ဓမ္မရေချမ်းစင်
📖 Lwin Pyin မှတစ်ဆင့်မှီငြမ်းပြုရေးသားပါသည်။

image