ဇာဏ်ခီ အနေနဲ့ အကယ်ဒမီရဖို့ ပြုပြင်သင့်သည်များ
*********************************************************
1 လူတော်တော်များများက နောက်နှစ် အကယ်ဒမီ ဟာ ခီမောင်နှံ ရဲ့နှစ်ပဲ လို့ယူဆနေကြတယ်။Deception ရယ် မုဒြာရဲ့ခေါ်သံရယ် နဲ့ မြန်မာ့ ရုပ်ရှင်လောကကို ကိုင်လှုပ်ခဲ့တဲ့ ခီမောင်နှံ ဟာ ပရိတ်သတ် တော်တော်များများရဲ့ အချစ်ကို ရရှိခဲ့ကြတယ်။
ဇာဏ်ခီ ဆိုရင်လည်း သူ့ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက် တွေကြောင့် ပရိတ်သတ်တွေက အကယ်ဒမီ ရမယ်လို့ ခန့်မှန်းနေ ကြတယ်။ ဒါပေမယ့် ကျနော်တော့ မထင်ဘူး။ ဇာဏ်ခီ ဟာ သရုပ်ဆောင်ကောင်းပေမဲ့ အကယ်ဒမီ ရဖို့ လိုအပ်ချက်တွေ ရှိနေ သေးတယ်။
အဲ့ဒီ အချက်တွေပြင်လိုက်မယ် ဆိုရင်တော့ သူ့အနေနဲ့ အကယ်ဒမီမျှော်လင့်ခွင့် ရှိလာပါလိမ့်မယ်။
2 ပထမဆုံး အချက်အနေနဲပြု့ပြင်ရမယ့် အချက်က ဇာတ်လမ်းရွေး ချယ်ပုံ။
ဇာဏ်ခီ ရိုက်ခဲ့တဲ့ ဇာတ်ကားနှစ်ကားရဲ့ အမျိုးအစားမှာ Deceptionက crime ဆန်ဆန် ၊Mudras Calling က documentary ဆန်ဆန် အချစ်ကား။ ဒီပုံစံတွေက အကယ်ဒမီပေး ဖို့ သိပ်အဆင်မပြေဘူး။
အကယ်ဒမီ အကဲဖြတ်တွေကြိုက်လေ့ရှိတဲ့ ပုံစံတွေက မိဘမေတ္တာ ကို အတုံးလိုက် အတစ်လိုက်ဖော်ပြတဲ့ မေတ္တာဖွဲ့မျိုး၊ သောက်ကျိုးနဲ အော်ဟစ် ငိုယို drama ချိုးတဲ့ ကားမျိုး၊ အစိုးရရဲ့ ပြည့်သူ အပေါ် ဘယ်လောက် အလေးထားပါတယ် ဆိုတဲ့ ပေါ်လစီကားမျိုးတွေပဲ။
အဲ့ဒီလို ကားမျိုးတွေမှ အကဲဖြတ်တို့ရဲ့ ရင်ဘတ်ကို ဆွဲကိုင်လှုပ်နိုင် လိမ့်မယ်။ ဇာဏ်ခီ ရဲ့ ဇာတ်ကားနှစ်ကားက အကဲဖြတ်တို့ အကြိုက် နဲ့ တစ်ခြားစီဖြစ်နေတယ်။ အဲ့ဒါကြောင့် အကယ်ဒမီရဖို့ အခွင့် အရေး နည်းသွားပြီ။
ဒီတော့ ဇာဏ်ခီ အနေနဲ့ အကယ်ဒမီ မှန်းချင်တယ် ဆိုရင် ဇာတ် လမ်း ရွေးချယ်ပုံကို ပြောင်းဖို့လိုမယ်။ မိဘမေတ္တာဖွဲ့ heavy drama ဆိုတာမျိုး တစ်ကားလောက် ရိုက်လိုက်မယ်ဆိုရင်တော့ သူ့အနေနဲ့ အကယ်ဒမီ မှန်းဖို့ အခွင့်အရေး ရှိလာပါလိမ့်မယ်။
3 ဒုတိယ အချက်ပြောရရင်တော့
ဇာဏ်ခီ အနေနဲ့ သူ့သရုပ်ဆောင်ပုံတွေကို ပြင်ဖို့လိုတယ်။သူ့သရုပ်ဆောင် ပုံတွေက သိပ်သဘာဝ ကျလွန်းနေတယ်။ပျော်နေ ရင် မပွင့်တစ်ပွင့်ပြုံးလိုက်တာမျိုး၊ စိတ်ညစ်နေရင် သက်ပြင်းလေးပဲ ခိုးရှိုက်လိုက်တာမျိုး၊ ဒေါသထွက်နေရင် ရေထဲငုပ်ပြီး အော်ပစ်လိုက် တာမျိုး အပိုအလိုမရှိ ကွက်တိ။
အဲ့ဒီမှာ အကယ်ဒမီ စံချိန်နဲ့ စလွှဲတော့တာပဲ။ ခင်ဗျားပဲ ခုခေတ် အကယ်ဒမီ ကားတွေ ကြည့်ကြည့်။ မင်းသားဟာ ပျော်နေရင် ပါးစပ် က နားရွက် တက်ချိတ်နေရမယ်၊ ၀မ်းနည်းရင် မျက်လုံးမှာ မျက် ရည် တွေဝိုင်း နှာခါင်းကြီး တစ်ရှုံရှုံ့နဲ့ ငိုသံကြီးနဲ့ပြောရမယ်၊ဒေါသထွက်ရင် မျက်နှာကြီးရဲ မျက်လုံးကြီးပြူး လက်ညိုးကြီး ထိုးပြီး အော်ကြီးဟစ်ကျယ်လျှောက်ပြောနေရမယ်။
ဒါမှပဲ ဦးဦးအကဲဖြတ်တို့က ရွှေဘောတော် ကျလိမ့်မယ်။ ဒီတော့ သူ့ သရုပ်ဆောင်ပုံကြောင့်ပဲ မောင်ဇာဏ်ခီ အကယ်ဒမီနဲ့ လွဲရပြန်ဦး မယ်။ အကယ်ဒမီမှန်းချင်တယ် ဆိုရင်တော့ သူ့သရုပ်ဆောင် ပုံလေး ပြင်လိုက်ဖို့လိုတယ်။
ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ...... https://www.facebook.com/perma....link.php?story_fbid=