🌈ရှင်အာနန္ဒာ သောတာပန်တည်ပုံ🌈
➖➖➖➖➖➖➖➖➖➖

ရှင်အာနန္ဒာသည် ဘုရားဆီမှာ မတည်ပေ။
ရှင်ပုဏ္ဏဆီ မှာ သောတာပန်တည်ရပါ၏။

သောတာပန်တည်ချင်ရင် ဒိဌိဖြုတ်ရမည်
ရှင်အာနန္ဒာ သောတာပန်တည်၍
ဒိဌိဖြုတ်ပုံကို ဤသို့ဟော၏။

ခန္ဓာငါးပါးကို ပကတိမျက်လုံးနှင့်
(ဉာဏ်မျက်လုံးမဟုတ်)
ကြည့်လိုက်သောအခါ___
ငါ မသေသေးဘူး...ငါနေနိုင်သေးတယ်
ဟူသော..``ငါ``အရိပ်တွေ..ထွက်လာ၏။

ငါ ဟူသော အကြည့်ထွက်လာခြင်းသည်
ပကတိမျက်လုံးနှင့် ကြည့်သောကြောင့်
``ငါ`` ထွက်လာခြင်းဖြစ်၏။

ဒါကြောင့် ခန္ဓာကိုယ် ကို ပကတိမျက်လုံးနဲ့
ကြည့်လျှင် ငါ ဟူသောဒိဌိ လာတော့၏.
ဒိဌိလာလျှင် တဏှာ က ထပ်ချပ်မကွာ လိုက်ပါ၏..တဏှာလာပြန်တော့ မာနက နောက်က ကပ်လိုက်ပေတော့သည်။

ခန္ဓာကိုယ် ပကတိမျက်လုံးနှင့်
အကြည့်မှားလျှင်
တဏှာ ...မာန..ဒိဌိတို့ ပေါ်လာ၏။
မကြည့်တတ်သောကြောင့် ဖြစ်ရ၏။

ဉာဏ်မျက်လုံးမပါပဲ ပကတိမျက်လုံးနှင့်
ကြည့်လျှင် တဏှာ ..မာန..ဒိဌိ
လာတော့၏။

ဒါကြောင့် ခန္ဓာငါးပါး အကြည့်လွဲ လျှင်
တဏှာ..မာန..ဒိဌိ တို့ လာ၏။

မကြည့်တတ်လျှင် ပပဉ္စ လာ၏။
ကြည့်တတ်လျှင် မဂ် လာ၏။

မကြည့်တတ်လျှင် အပါယ်ဘေးဝင်မည်
ကြည့်တတ်လျှင် မဂ်ဆေးဝင်မည်

မိမိကြိုက်နှစ်သက်ရာ ခန္ဓာငါး ပါး
တစ်ခုခုမှ ဖြစ်ပျက်ရှုပေးပါ...

ခန္ဓာကိုယ်ကို စောင့်ကြည့်ပါ
ခန္ဓာကိုယ်မှ ..ယား..နာ...အောင့်..ကိုက်
ပေါ် ရာ မှန်သမျှ ဖြစ်ပျက်ရှု ရ၏။

ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်ရှုရ၏

ခန္ဓာကိုယ် အကြည့်မှန်လျှင် မဂ်ဝင်ရပေ၏။
မဂ်ဖြစ်လျှင် တဏှ..မာန..ဒိဌိ သေ၏...

🌈သိကြားမင်း သောတာပန်တည်ပုံ🌈
➖➖➖➖➖➖➖➖➖➖

ဘုရားမပွင့်ခင်က သိကြားဖြစ်၏
သိကြားတွင် သံသယ များစွာ ဝင်နေ၏။
ဒိဌိဆရာကြီးတွေ ..ကောင်ကင်ပျံ ဈာန်ရ
ပုဂ္ဂျိုလ်တွေမေးသော်လည်း အဖြေမရခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော သာသနာတွင်း
မဟုတ် ပဲ သာသနာပ ဖြစ်နေသောကြောင့်ဖြစ်၏။

↗️သိကြားမင်း...

လူတွေ..နတ်တွေ..ဗြဟ္မာတွေဟာ
မိမိကိုယ်မိမိ မေတ္တာပို့ကြပါတယ်..
ဘာကြောင့်အန္တရာယ်မကင်း ဘေးမရှင်းတာ
ဘာကြောင့်ပါလဲ ဘုရား...

🙏မြတ်စွာဘုရား...

ဣဿ..မစ္ဆရိယ မပါယ်နိုင်လို့
မေတ္တာမစူးရောက်နိုင်ပါ သကြားမင်း...
ဒါကြောင့် ဤတရားနှစ်ပါးကို ဖြစ်ပျက်ရှုပါ။

↗️သိကြားမင်း...

တပြည့်တော် ကြေနပ်ပါသည်ပါဘုရား..
သို့သော် ဤတရားနှစ်ပါး ဖြစ်ကြောင်းရင်းခံ က ဘာပါလဲဘုရား။

🙏မြတ်စွာဘုရား...

ချစ်ခြင်း...မုန်းခြင်းက
အကြောင်းရင်းခံ ပါသကြားမင်း...
ဒါကြောင့် . လောဘဆိုသောချစ်ခြင်းကို
ဖြစ်ပျက်ရှုပါ။
မုန်းခြင်းဆိုသော ဒေါသကိုလည်း
ဖြစ်ပျက်ရှုပါ။

ထို့ကြောင့် ဤတရားနှစ်ခု ကို
ဖြစ်ပျက်ရှုလျှင်
က္ကုဿ ..မစ္ဆရိယ တစ်ရားနှစ်ပါး သေ၏။

ချစ်ခြင်း မုန်းခြင်း ဘယ်ကလာလဲဆိုရင်
ဆန်ဒက လာ၏...

ထို့ကြောင့် ဆန္ဒ ကြောင့်
ချစ်ခြင်းမုန်းခြင်းဖြစ်၏
ချစ်ခြင်းမုန်းခြင်းကြောင့်
ဣဿမစ္ဆရိယဖြစ်၏
က္ကုဿမစ္ဆရိယကြောင့်
ရောဂါ များရ၏။

↗️သိကြားမင်း..

ဆန္ဒက ဘယ်ကလာပါလဲဘုရား

🙏မြတ်စွာဘုရား...

ဆန္ဒ ဘယ်က လာလဲ ဆိုလျှင် ဝိတက်(ကာမဝိတက်..ဗျာပါဒဝိတက်..
ဝိဟိန်ဓဝိတကျ) ကလာ၏။

↗️သိကြားမင်း..

ဝိတက်သုံးခု၏ လက်သယ်
ကဘာပါလဲဘုရား

🙏မြတ်စွာဘုရား..

ပပဉ္စကြောင့်(တဏှာ..မာန..ဒိဌိ)
လာတယ်သကြားမင်း...

❄❄❄❄❄❄❄❄❄❄❄❄

ဖြစ်ပျက်မြင်၍ ဒိဌိဖြုတ်နိုင်ကြပါစေ...

ဟောတရားနာယူ၍ ဓမ္မဒါနပြုပါ၏

Ashin Sandar Thiri

11 - 11 - 20
credit...........မူရင်း
ယောဂီမှတ်စု

🌷🙏🌷
#yla•?
@December Orchid
Crd, HlaingMinZaw(Facebook)