နောင်ပွင့်တော်မူမည့်ဘုရားနှင့်မတွေ့နိုင်သူ မဖူးထိုက်သူ(၇)ဦး
……………………………………………………………………………
နောင်ပွင့်တော်မူမည့် ဘုရားနှင့် မတွေ့နိုင်သူ မဖူးထိုက်သူ (၇)ဦး အကြောင်း ပရိသတ်ကြီးတို့ သိပြီး ဆင်ခြင်နိုင်အောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်ဘုရားနှင့် မတွေ့နိုင်သူ..မဖူးထိုက်သူ (၇)ဦး
( ၁။)ထူပါဘေဒ = စေတီ, ပုထိုး,ဘုရားရုပ်ပွားတော်, ကျောင်းကန်များ ဖျက်စီးသောသူ။
(၂။)ဗောဓိဘေဒ = ဘုရားမှီပြီး ပွင့်ရာဗောဓိညောင်ပင်ကို ဖျက်စီးသောသူ။
( ၃။)အာရာမဘေဒေ = ဘုရားစာ တရားစာ အယုတ်စွဆုံး နမောတဿပါသော ဖိတ်စာတောင်အိမ်သာထဲ အသုံးပြု ဖျက်စီးသောသူ။
( ၄။)ဘိက္ခူဘေဒ = ရဟန်းသံဃာ အချင်းချင်းတပါးနှင့်တပါး မတည့်အောင် ဂုံးတိုက်၍သံဃာ သင်းခွဲသောသူ။
( ၅။)ဘိက္ခူနီဘေဒ =ဘုရားလက်ထက်၌ ဘိက္ခူနီမ။ယနေ့ခေတ်တွင် သီလရှင် ယောဂီမတို့အားအရှက်တကွဲအကျိုးနဲအောင် ဖျက်စီးသောသူ။
( ၆။)ပဉ္စာနန္တရိယဘေဒ =ဘုရား,တရား,သံဃာ,မိဘ ဆရာ အနန္တောအနန္တငါးပါးတို့အားကာယကံဖြင့် ပြစ်မှားစော်ကားသောသူ။
( ၇။)သက္ကာယဒိဋ္ဌိဘေဒ =မှားသောမိစ္ဆာဒိဋ္ဌိအယူ ရှိသောသူ။
ကပ်ကြီးဘေးမှ ကင်းလွတ်ကြပါစေ။
Crd , Original Owner(Facebook)

