(ဘုရားခန်းကို ရိုးရိုးရှင်းရှင်းပဲထားပါ)
မြတ်စွာဘုရားက ရှင်ဘုရင်ဘဝကလာတာ၊
ရွှေငွေ ပတ္တမြား မိန်းမချော မိန်းမလှ ရာထူး အာဏာ ပါဝါ အကုန်လုံးကို စိတ်ပျက်လွန်းလို့ စွန့်ခဲ့တာ။
လူတွေကသာ ကြည်ညိုလွန်းလို့ အကောင်းဆုံးထင်တဲ့ ပန်းတွေ ဆွမ်းတွေ ရွှေတွေ ငွေတွေလှူဒါန်းကော်ရော်ပူဇော်နေတာ။
မြတ်စွာဘုရားက မက်မောမယ်ထင်လို့လား၊
သနားလွန်းလို့ အလှူကို အကပ်ခံတာလောက်ပဲ၊
လှူတဲ့သူ ကုသိုလ်မြောက်ရင် အဲဒီမှာပဲထားခဲ့တာ၊
တပည့်တော်လှူတာလေးယူသွားပါလား သွားမလုပ်နဲ့ ဂရုကိုမစိုက်တာ၊
ဘုဉ်းပေးနိုင်တာတော့ ဘုဉ်းပေးသွားပါတယ်။
ဘုရားမမက်မောတဲ့ ပစ္စည်းတွေနဲ့ ဘုရားခန်း အမှိုက်မရှုပ်ပါစေနဲ့၊
ဘုရားဆွမ်းပန်း ကပ်တာ ဘုရားကိုရည်ရွယ်ပြီးလှူဒါန်းလျှင် အထမြောက်ပြီးကုသိုလ်ဖြစ်တယ်၊
(၁၀)ပေ၊ (၁၅)ပေ ဘယ်လောက်ခွာခွာ ကွာလို့ကုသိုလ်က လျှော့မသွားပါဘူး။
ရည်မှန်းပြီးလှူဒါန်းပါတယ်ဆိုမှ ရည်မှန်းရင်ရပါပြီ မမတို့ရဲ့၊
အမွှေးတိုင်ကို ဘုရားနှာခေါင်းဝ တေ့ထွန်းလို့ထွန်း(ဘုရားကို အနံပျောက်တယ်မှတ်နေသလားမသိ)
ဘုရားလက်ဝါးထဲ မီးတင်ထွန်းလို့ထွန်း(ကိုယ့်အဲလိုထွန်းရင်ခံမလား)
ကြည်ညိုတာက အသိဉာဏ်မပါရင် မကောင်းပါဘူး။
ဘုန်းကြီး လည်တိုင်တောင် ပန်းကုံး စွပ်မရတာ၊
အမလေး မမ တို့က ဘုရားခေါင်းပေါ်လက်ကျော်ပြီး ပန်းကုံးစွပ်လို့စွပ်၊
သူတို့ထိုးတာတဲ့ ထီလက်မှတ်ကြီး ဘုရားလက်ထဲထည့်လို့ထည့်၊
ခင်ဗျားတို့နော် အရမ်းလွန်လွန်းတယ်။
ဘုရားခန်းမှာ ပန်းအိုးရယ် ရေချမ်းရယ် ဆွမ်းရယ် တော်ပြီပေါ့၊
အဓိက က ဘုရားမှန်မှန်ရှိခိုးဖို့ပဲ၊
သာသနာပြုတယ်ဆိုတာ ဒါယိကာ ဒါယိကာမ တွေကို ယဉ်ကျေးအောင် သိအောင် အပါယ်လေးပါက လွတ်အောင် သွန်သင်ဆုံးမနိုင်ဖို့ ပထမအရေးကြီးဆုံးပါပဲ။
သွန်သင်ဆုံးမ ဆရာတာဝန်ပဲ ဆရာတာဝန် ဆရာ့အလုပ်ကတော့ လုံးဝမလျှော့ဘူး။
တာဝန်မကျေရင် အပြစ်ရှိတယ်၊
အပြစ်ဆိုတာ မကောင်းကျိုးကိုဖြစ်စေတယ်။
ဘုရားက ဘယ်ဘဝကလာပြီး ဘာကို သူဖြစ်စေချင်တယ်ဆိုတာ သဘောပေါက်နိုင်ကြပါစေ။
ဘုန်းဘုန်းရေးတဲ့စာကို ဖတ်ပြီး တစ်ဦးတစ်ယောက် လိုက်နာတယ်ဆိုလျှင် ရင်တွင်းမှာ သာသနာပွင့်လန်းသွားပါပြီ၊
မေတ္တာဖြင့်-
ဘုန်းဘုန်း မေတ္တာစည်
Credit...ထပ်ဆင့်ပူဇော်မျှဝေအပ်ပါသည်ဘုရား

