ဘုရားပန်းအိုး ၂အိုးပဲထားရမယ် ၃အိုးထားရမယ် သေချာမသိသေးသူများအတွက်
နံပါတ် ၂ကိုသေချာလေ့လာပါ🙏🙏🙏
၁။ ပန်း ဘာကြောင့် ကပ်ရသလဲ?
၂။ ပန်းအိုး ဘယ်နှအိုး ထားသင့်သလဲ?

၁။ ဂေါတမ မြတ်စွာဘုရားရှင်
ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ
သီတင်းသုံးတော်မူစဉ်
ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူအများ
ဘုရားဖူးတရားနာလာကြကုန်၏။

🌼ခရီးကပန်း
လမ်းကကြမ်းသောကြောင့်
ချွေးသီးချွေးပေါက် အသွယ်သွယ်
ဖုန်အလိမ်းလိမ်းနှင့်ပေါ့။
တချို့မှာချွေးနံ့တထောင်းထောင်းနှင့်
ဘုရားရှင်သီတင်းသုံးရာ
ဂန္ဓကုဋီတိုက်တော်တခုလုံး
အနံ့သက်တွေကမကောင်း။

🌼ဒါကို သတိပြုမိတဲ့
ညီတော်အရှင်အာနန္ဒာစသော
ရဟန်းရှင်လူတွေက ဘုရားနဲ့
တရားနာပရိသတ်အကြားမှာ
ပန်းနံ့သာတွေကို ထားခဲ့ကြတယ်။

🌼ဘုရားပန်းတွေကြောင့်
ပရိသတ်တွေဆီက ချွေးနံ့တွေ
ဘုရားဆီမရောက်တော့ဘူးပေါ့။
တရားနာပရိသတ်တွေလည်း
ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီး
အမောတွေပြေ
စိတ်တွေကြည်လင်လာတယ်။

🌼တရားနာရတာလည်း
အရင်ကထက်
ကြည်ကြည်နူးနူးရှိလာတယ်
ထိုအချိန်မှစ၍
ဘုရားပန်းလှူတဲ့ဓလေ့က
စတင်လာတယ်။

🌼ပန်းပန်တာမဟုတ်တဲ့အတွက်
မာလာဂန္ဓ ဝိလေပနဆိုတဲ့
သီလနဲ့လည်း ငြိစွန်းမှုမရှိတော့ဘူး
အပြစ်ကင်းတယ်။

၂။ ပန်းအိုးဘယ်နှအိုး
ထားရမလဲဆိုတဲ့ အမေးမှာ
နံပါတ် ၁ အဖြေက
သက်သေဖြစ်တယ်။
ဘယ်နှအိုးထားထား
အပြစ်မရှိဘူး။
မိမိတို့ရဲ့ ဘုရား‌ကျောင်း‌ဆောင်နဲ့
လိုက်ဖက်သလိုထားနိုင်တယ်။

🌼၁ အိုး ၃ အိုး စသည်ဖြင့်
မဂဏန်းထားမှ
၂ အိုး ၄ အိုး စသည်ဖြင့်
စုံဂဏန်းထားမှဟု
ဘုရားဟောမရှိခဲ့ဘူး။

🌼စုံမခွဲပြီးလှူဒါန်းတာက
ဗုဒ္ဓဘာသာရဲ့ အယူအဆမဟုတ်။
မိမိရဲ့ဘုရား‌ကျောင်း‌ဆောင်အနေအထားက
ဘယ်နှအိုးထားမှ
တင့်တယ်မယ်ဆိုတာကို
ချင့်ချိန်တတ်ဖို့အရေးကြီးသည်။

🌼တချို့က ယတြာတွေ
အဓိဋ္ဌာန်တွေကြောင့်
အရေအတွက်အမျိုးမျိုးလှူကြတယ်။
ဘယ်လိုပဲလှူလှူ ကုသိုလ်ကကုသိုလ်ပဲ။
ဘုရားပန်းတွေလန်းတော့
ဘုရား‌ကျောင်‌း‌ဆောင်လည်း
မင်္ဂလာကျက်သရေတိုးတာပေါ့။

🌼တရားချစ်ခင်
စိတ်ကောင်းဝင်ကြကုန်သော
သူတော်စင် ပရိသတ်အပေါင်း
ကပ်သုံးပါးနှင့်ဝေး၍
အမြတ်ဆုံးတရားနှင့်အေးပါစေ။
ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာ
လန်းဖြာကြပါစေ။

Credit.... Original Uploader (Facebook)&
Photo .... Crd

image