အမှန်တရားဆိုတာ
ကိုယ်ကျင့်တရားအပေါ်မှာမူတည်တယ်
မြတ်စွာဘုရားက
အမျိုးမြတ်တာကို အကြောင်းပြုပြီး
မြတ်တယ်လို့ ပြောလို့မရဘူး။
တစ်ခါ အဆင်းလှတာကို အကြောင်းပြုပြီးတော့လည်း မြတ်တယ်လို့ပြောလို့မရဘူး။
စည်းစိမ်ဥစ္စာကြွယ်ဝ ချမ်းသာတာကို
အကြောင်းပြုပြီးတော့လည်း မြတ်တယ်လို့
ပြောလို့မရဘူးဘူး ။
မြတ်တယ်ဆိုတဲ့နေရာမှာ
အမျိုးမြတ်တာနဲ့လည်း မဆိုင်ဘူး၊
ရုပ်အဆင်းလှတာနဲ့လည်း မဆိုင်ဘူး။
စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာတာနဲ့လည်းမဆိုင်ဘူး။
ဘာနဲ့ဆိုင်တုံး
ကိုယ်ကျင့်တရားနှင့်ပဲဆိုင်တယ်။
အဲဒီတော့ အမှန်တရားဆိုတာ
ကိုယ်ကျင့်တရားပေါ်မှာ မူတည်တယ်။
ပုဂ္ဂိုလ် တစ်ဦးဟာ ကိုယ်ကျင့်တရားမကောင်းဘူး၊ ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင် ဘယ်လောက်ပဲအမျိုးမြတ်မြတ် သူ့လုပ်ရပ်ကမမြတ်ဘူး။
အေး. . . ကိုယ်ကျင့်တရားကောင်းတယ်ဆိုရင် ဘယ်လောက်ပဲအမျိုးနိမ့်နိမ့်
ကိုယ်ကျင့်တရားကောင်းတာကိုအကြောင်းပြုပြီးတော့ သူကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။
မြတ်စွာဘုရားရဲ့
မြင့်မြတ်မှု မမြင့်မြတ်မှုဆိုတာ
လူအမျိုးဇာတ်ကိုအခြေခံပြီးတော့
မပြောဘူး လူတွေရဲ့လုပ်ရပ်အကောင်းအဆိုးကိုသာ အခြေခံပြီးတော့မြတ်စွာဘုရားကပြောတယ်။
မြန်စွာဘုရားရဲ့ ဒီဆုံးမချက်မှာဆိုရင်
လူဟာလူချင်းတူတူပဲ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်၊ ဒုတိယတွဲ၊အခန်း ၃၇ ၊နှာ ၇၀၈) မှကူးယူ ပူဇော်ပါသည်။
#ပြန်လည်မျှဝေပူဇော်ပါသည်။
Crd Hlaing Min Zaw(Facebook)

image