Min Khant  es la sensación Muy triste
7 años

ဖိလစ္ပုိင္ႏုိင္ငံ မနီလာၿမိဳ႕တြင္ ရထားႏွစ္စီးတုိက္မိမႈျဖစ္ပြား ၊ လူ ၃၄ ဦး ဒဏ္ရာရ

မနီလာ၊ ေမ ၁၉ ရက္(ဆင္ဟြာ)

ဖိလစ္ပုိင္ႏုိင္ငံ မနီလာၿမိဳ႕ အမွတ္ ၂ ရထားလမ္း တြင္ ေမ ၁၈ ရက္ ညပုိင္းက ရထားႏွစ္စင္း တုိက္မိမႈ ျဖစ္ပြားရာ လက္ရွိအခ်ိန္ထိ ဒဏ္ရာရသူ ၃၄ ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ေမ ၁၈ ရက္ ေဒသစံေတာ္ခ်ိန္ ၂၁ နာရီခန္႔က အေနာက္အရပ္မွ အေရွ႕အရပ္သုိ႔ ေမာင္းႏွင္ေနသည့္ ရထားတစ္စီးသည္ အျခားရပ္နားထားေသာ ရထားတစ္စီးႏွင့္တိုက္မိမႈျဖစ္ပြားရာ ရထားတြဲ ေပၚလုိက္ပါလာသည့္ ခရီးသည္မ်ား ဒဏ္ရာရရွိမႈျဖစ္ပြားခဲ့ေၾကာင္း ဖိလစ္ပုိင္မီဒီယာမ်ား၏ သတင္းမ်ားအရ သိရသည္။

ဒဏ္ရာရရသူမ်ားကုိ နီးစပ္ရာေဆးရုံသုိ႔ ပုိ႔ေဆာင္ထားၿပီးျဖစ္ေၾကာင္း ေဒသခံ ရဲဘက္ဆုိင္ရာက ဆုိသည္။
အခ်င္းျဖစ္ပြားမႈႏွင့္စပ္လ်ဥ္း၍ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း မနီလာ ရထားလမ္းပုိ႔ေဆာင္ေရး စီမံခန္႔ခြဲမႈ ဌာနက ေၾကညာခ်က္ထုတ္ျပန္ထားေၾကာင္းသိရသည္။

မနီလာ အမွတ္ ၂ ရထားလမ္းသည္ အရွည္ စုစုေပါင္း ၁၃.၈ ကီလုိမီတာရွိၿပီး ဘူတာ ၁၁ ခုရွိရာ မနီလာၿမိဳ႕၏ သုံးခုေျမာက္ Light Rail ရထားလမ္းျဖစ္ေၾကာင္း ၊ ေန႔စဥ္ခရီးသည္ ၁၈၀,၀၀၀ ခန္႔ကုိ သယ္ယူပုိ႔ေဆာင္ ႏုိင္ေၾကာင္း သိရသည္။ (Xinhua)
---------------------------
(Unicode Version)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ရထားနှစ်စီးတိုက်မိမှုဖြစ်ပွား ၊ လူ ၃၄ ဦး ဒဏ်ရာရ

မနီလာ၊ မေ ၁၉ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အမှတ် ၂ ရထားလမ်း တွင် မေ ၁၈ ရက် ညပိုင်းက ရထားနှစ်စင်း တိုက်မိမှု ဖြစ်ပွားရာ လက်ရှိအချိန်ထိ ဒဏ်ရာရသူ ၃၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မေ ၁၈ ရက် ဒေသစံတော်ချိန် ၂၁ နာရီခန့်က အနောက်အရပ်မှ အရှေ့အရပ်သို့ မောင်းနှင်နေသည့် ရထားတစ်စီးသည် အခြားရပ်နားထားသော ရထားတစ်စီးနှင့်တိုက်မိမှုဖြစ်ပွားရာ ရထားတွဲ ပေါ်လိုက်ပါလာသည့် ခရီးသည်များ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်မီဒီယာများ၏ သတင်းများအရ သိရသည်။

ဒဏ်ရာရရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဒေသခံ ရဲဘက်ဆိုင်ရာက ဆိုသည်။
အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း မနီလာ ရထားလမ်းပို့ဆောင်ရေး စီမံခန့်ခွဲမှု ဌာနက ကြေညာချက်ထုတ်ပြန်ထားကြောင်းသိရသည်။

မနီလာ အမှတ် ၂ ရထားလမ်းသည် အရှည် စုစုပေါင်း ၁၃.၈ ကီလိုမီတာရှိပြီး ဘူတာ ၁၁ ခုရှိရာ မနီလာမြို့၏ သုံးခုမြောက် Light Rail ရထားလမ်းဖြစ်ကြောင်း ၊ နေ့စဉ်ခရီးသည် ၁၈၀,၀၀၀ ခန့်ကို သယ်ယူပို့ဆောင် နိုင်ကြောင်း သိရသည်။ (Xinhua)