၃၁-၃-၂၀၂၀ ရက်နေ့ အတွင်း ကုန်ဆုံးမည့် Visa နှင့် Work Permit များကို ၃၁-၁၂-၂၀၂၀ ရက်နေ့အထိနောက်ထပ် ၉ လ သက်တမ်းကနဦး ထပ်မံတိုးပေးမည် ဖြစ်ပြီး အဆိုပါအလုပ်သမားများသည် သက်တမ်း မကုန်ဆုံးခင်ကာလအတွင်း မည်သည့်နည်းလမ်းဖြင့် MOU-U Turn Process ကို ဆောင်ရွက်ရမည်ကို ထိုင်းနိုင်ငံဘက်ခြမ်းနှင့် အသေးစိတ်ထပ်မံ ညှိနှိုင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းအလုပ်သမားသံအရာရှိရုံးမှထုတ်ပြန်ထားသည်

ထို့အပြင် ၁-၁၁-၂၀၁၉ ရက်နေ့တွင် ကုန်ဆုံးမည့် CI ကိုင်ဆောင်ထားသည့် ရေလုပ်သား များသ ည် လည်းထိုနည်းတူစွာသက်တမ်းတိုးပေမည်ဟုဖော်ပြထားသည်

ထို့အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ယခု Data Collection Center တွင် လည်းကောင်း ထုတ်ပေးထားသော MEBangkokစာအုပ်များအားလုံးသည်လည်းယခုထုတ်ပြန်ချက်တွင်အကျုံးဝင်သည် ဟုထပ်မံဖော်ပြထားသည် ၄င်းစာအုပ်ကိုင်ဆောင်ထားသူများသည် စာအုပ်သက်တမ်း(၂) နှစ်နှင့် အထက် ကျန်ရှိပါက MOU စနစ်ဆောင်ရွက်ချိန်တွင် ယင်းစာအုပ်အား ပြန်လည် အသုံးပြုနိုင်မည်ဖော်ပြထားသည်  

အလုပ်သမားဦးရေ ၆ သိန်း ခန့် MOU U Turn စနစ်ဖြင့် ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ရာ မိမိတို့အနေဖြင့် ယခုလက်ရှိ MOU U Turn စနစ် ထက်ပိုမိုချောမွေ့သော Process ကို Working Group အဆင့်တွင် ထပ်မံဆွေးနွေးပြီး၊ နှစ်နိုင်ငံအဆင့် တွင် အတည်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းထပ်မံဖော်ပြထားသည်

၁၃-၅-၂၀၁၉ရက်နေ့တွင် စတင်ကျင်းပသည့် အစည်းအဝေးမတိုင်မှီ ထိုင်းနိုင်ငံဘက်ခြမ်း တာဝန်ရှိသူများနှင့် အထူးအစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီး ယင်းကိစ္စရပ်အတွက်အထက်ပါအတိုင်း ကနဦး ဖြေလျော့ ခွင့်အား တောင်းဆိုအတည်ပြုဆုံးဖြတ်နိုင်ခဲ့ပါသည်ဟုအလုပ်သမားသံအရာရှိ ရုံးမှထုတ်ပြထားသည်

Crd.Myanmar Live