#သီတင်းကျွတ်လပြည့်နေ့

သက္ကရာဇ် ၈၀၀ ခုနှစ်၊ အင်းဝခေတ်က သတင်းကျွတ်ဟု သုံးနှုန်းသည်။

နောက်ပိုင်း ပညာရှင်တို့က သီလ ပုဒ်မှနေ၍ဆင်းသက် လာသည်ဟု ယူကာ သီတင်းကျွတ်ဟု ရေးသားလာကြသည်။

သီတင်းဝါလကျွတ်သောလဟု ဝေါဟာရလီနတ္ထဒီပနီကျမ်းကဆိုသည်။

မြန်မာလအမည်များကျမ်းက ရဟန်းတော်များ မိမိ
တို့ကျောင်းအာရာမ်အတွင်း၌သာ သီတင်းသုံးနေထိုင်ခြင်းမှလွတ်မြောက်သောလ( သီတင်း- နေထိုင်ခြင်း၊ ကျွတ်-လွတ် မြောက်သောလ) ဟုဆိုသည်။

သီတင်းကျွတ်လ ပွဲတော်သည် မီးထွန်းပွဲတော်ဖြစ်သည်။

သူတော်ဦးမင်းက " ကြာငါးမည် ကြိုင်သင်းလို့၊ လျှံ
ဝင်းတဲ့ ပြောင်ထိန်၊ ရွှေနန်း တောင်တော်ဦးမှာလ၊ ကွန့်
မြူး မြင်းမိုရ်မီး၊ ငြီးတဲ့ ခါချိန်၊ ရှိခိုးတယ်နှိမ်၊ သုံးကြိမ်
ရိုပြောင်း၊ သက္ကစ္စ ဂါရဝါနှင့်၊ စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း " ဟု စပ်ဆိုခဲ့သည်။

နန်းတော်ထဲ၌ မီးမြင်းမိုရ်ပွဲ ကျင်းပကြသည်။ ကျေး
လက်တို့၌ တာဝတိံသာပွဲဟု ခေါ်ကြသည်။

စင်စစ် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ဝါမှ ထ၍ ဝါကျွတ်သောနေ့၊ ပဝါရဏာပြုကြ
သောနေ့၊ ( မဟာပဝါရဏာနေ့)။

ဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ
တရားတော်ကို ဝါတွင်းသုံးလ ဟောကြားတော်မူ
သည်မှာ အောင်မြင်စွာ ပြီးဆုံးသောနေ့၊ ( အဘိဓမ္မာ
အခါတော်နေ့)။

နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္က
ဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့။

ဗြဟ္မာ နတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ
ကြည်ဖြူကော်ရော် ပူဇော်ကြသောနေ့။

လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာ တစ်
ဝှမ်းလုံး တိုးယိုပေါက် မြင်ကြရသောနေ့ ( နတ်ပြည်‌‌မှ ငရဲပြည်ကို မြင်၊ ငရဲပြည်မှ နတ်ပြည်ကို မြင်စသည် ဖြင့်) စသော ဂုဏ်ထူးဝိသေသအထူးထူးနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်ပေသည်။

@အရှင်သံဝရာ လင်္ကာရ

image