ယောက်ျားလေး တွေ တကယ် ချစ်လာပြီဆိုရင်
သူဘာလုပ်လုပ် ချစ်သူ ကို အသိပေးလေ့ ရှိတယ်.
အသေးအဖွဲလေးကအစ ချစ်သူကို
အသိပေးချင် တာ။
ကိုယ်ထမင်းစားနေပီအသဲရေ ဘာဟင်းနဲ့
ကိုယိရေချိုးလိုက်ဦးမယ်အသဲရေ.ကို ဘယ်ကို ရောက်နေတယ် ပေါ့
သူတို့ဘက်ကမမေးတောင်
ကိုယ့်အလိုလိုပြောချင်နေတာ..
ချစ်တတ်လာပီဆို ရင် သ၀န်တိုလာရော...
ဘာလုပ်လုပ် ဘယ်သွားသွား
ဘယ်သူနဲ့ကြူကြူ သောက်ဂရုမစိုက်ဘူးဆိုရင်
အဲ့ဘဲ မချစ်သေးတာယုံလိုက်.. ယောက်ျားတွေ သဝန်တိုပီဆိုရင် မိန်းမတွေထက်တောင်ဆိုးသေး..
မိန်းမတွေ သ၀န်တိုတယ် ရစ်တယ်ဆိုတာ တကယ်ချစ်တဲ့ ယောက်ျားတွေကသနားတယ်.
ပြဿနာမတတ်ချင်လို့ လွှတ် ထားရင်ထားမယ်... ရင်ထဲမှာတော့ ခလုခလု နဲ့..
ကိုယ်တို့ယောက်ျားတွေချစ်တတ်လာပီဆို
စိတ်ပူတတ်တယ်..
တချို့မိန်းကလေးတွေပြောကြတယ်
သိပ်ရစ်တာပဲ
ငါ့ဆို အရမ်းသ၀န်တိုတာ
ငါဘယ်ရောက်ရောက်သူ့ကို report တင်နေ
ရတယ်..မလွတ်လပ်ဘူး သိပ်စိတ်ညစ်တာပဲ..
ခိုးလုပ် မယ်.
လိမ်မယ်..အစသဖြင့်ပေါ့...
ဘယ်ရောက်ရောက်ဖုန်းဆက်ခိုင်းတယ်ဆိုတာ
သူစိတ်ပူလို့
ကိုယ်တိုင် မလိုက်နိုင်ပဲ တယောက်ထဲ အပြင်သွားရတဲ့ ကိစ္စမျိုးဆို ဘယ်နေရာရောက်နေလဲ အခက်အခဲရှိရင်..ချက်ချင်းပြေးလာနိုင်လေ.
ခေတ်ကြီး က သိပ်ကောင်းတာ မဟုတ် ဝူး.
taxi ငှါးတာ အစ.
အသက်ကြီး လား ငယ် လား မူး နေလား
.ကြောင်တောင်တောင် စကားတွေပြော နေရင်
ကိုယ့်ဆီ ဖုန်းဆက်.မငှါးခင်.. Taxi No: ကို အရင် မှတ်ခိုင်း.ပြီးရင် ပြောခိုင်း. အတတ်နိုင် ဆုံးတော့ ကိုယ် မပါဘဲ ဘယ် မှ မလွှတ် ဝူး. နဲနဲ လေး မှ အထိအခိုက် အပွန်းအပဲ့ မခံ နိုင် လို့.ဒါတွေ က တကယ် ချစ်တဲ့ ယောက်ျား မှ လုပ်တာ..
စကားတွေ များတတ်လာလိမ့် မယ်.
မိုးလင်းထဲ မိုးချုပ် အစအဆုံးဖြစ် သမျှ ကို
ပြောပြ မယ်
အလုပ်ကိစ္စတွေမင်းကို တိုင်ပင်မယ်..
အကြံဥာဏ်တောင်းမယ်.
မင်း ကို တိုးတီးပြောမယ်.. မခံ ချင်အောင် စမယ်..
စိတ်ကောက်သွားရင် ပြန်ချော့မယ်.
ဟိုးအရင် Long Long ago က
အကြောင်းတွေပြောပြမယ်.
စကားများတယ် နားညီးလိုက်တာဆို ပြီး
စိတ်မပျက်မိ စေနဲ့ မင်းမပျင်းရအောင် တယောက် နဲ့တယောက် အေးတိအေးစက် ဖြစ်မနေ
အောင်..ရင်ဖွင့် မှာ ဘဲ မင်း နားလည် ပေးလိုက်ပါ.
နောက်ပြီးစိတ်နေ သဘောထားပါပြောင်းလဲ
လာလိမ့်မယ်.အလုပ်ထဲ မှာ တော့အပြင် မှာ
သူငယ်ချင်းတွေ ကြားထဲ မှာတော့ရုပ်တည် ကြီးနဲ့ ဆရာကြီး ဘဲ မင်းနဲ့တွေ့တဲ့အခါ
ငပေါကြီးလိုနေတတ်တာမျိုး
အရင်တုန်းက ရှက်တတ်တဲ့ကောင်က မင်းရဲ့
လက်ကိုင် အိတ်တွေကိုင်.လူကြားထဲ လဲ ကုံးကုံးကွကွ နဲ့ ဓာတ်ပုံတွေ ရိုက်ပေး.
အခန့်မသင့် ရင် အအော် တောင် ခံ ရသေးတယ်..
အရင် က ဘော် ဒါတွေခေါ် ရင် ၂ ခါထက် ပို မခေါ် ရတဲ့ကောင် က.
Club တွေ Beer ဆိုင် တွေ ငြင်း.လူကြား ထဲ Video call တွေ ခေါ် ပြီး အားဘွားတွေ ပေးရတာ ပတ်ဝန်းကျင် ဆိုတာ လဲ ဂရုမစိုက်နိုင်တော့ ဝူး..နောက်ဆုံးလက်ဖက်ရည်ဆိုင်တောင် မှ
မင်းခွင့်ပြု ချက် ရမှ ထိုင်ရတာ ပေါ့..
ဘော် ဒါ ကြားထဲ မယက ကြီး လို့
အမည် ရတာပေါ့.
Fb ပေါ် မှာ လွမ်းကြောင်း ချစ်ကြောင်း Status တင်ပြီး Feel ရသေးတယ်. ပတ်ဝန်းကျင် က
အမြင်ကတ်လောက် တဲ့ အထိ
ဂရုစိုက်တတ်လာတယ်.
မင်းအိပ်ရေးဝအောင်စောစောအိပ်ခိုင်းတာ
ဂရုအရမ်းစိုက်လွန်းတော့ ပုံစံ ခွက်ထဲ မင်းကို ရိုက်သွင်းနေသလို ဖြစ် နေလိမ့် မယ်.
အပြောအဆိုမတတ်တော့ မင်းကို
ဆရာကြီးလုပ်နေတယ် လိုထင် ချင်ထင်လိမ့်မယ်.
မင်းကို ရစ်လို့ သ၀န်တိုလို့ ချုပ်ချယ်မိလို့ မင်းစိတ်ညစ်ပီး သူ့ကိုထားသွားမယ်ဆိုရင်
မင်းအရမ်းမှားသွားမယ်
ကိုယ်တွေက စိတ်မပါရင် အဖက်တောင်မလုပ်ဝူး.အဲ့လိုအပင်ပန်းခံ ဖို့ နေနေသာ..
ရစ်နေသရွေ့ သ၀န်တိုနေသရွေ့ စိတ်မချ ဖြစ်နေသရွေ့ မင်းကို ချစ်နေတုန်း.လို မှတ်ယူ ပါ
မိန်းခလေး..မင်းဂုဏ်ယူလိုက်ပါ...
မင်းသူငယ်ချင်းတွေကြားထဲမှာကြွားပါ.
မင်းကံကောင်းတယ် မိန်းကလေး
မရှိသေးရင် လဲ အဲ့လိုယောက်ျားမျိုး ကို ရှာပါ..
လူတိုင်းကို ချစ်တယ် ဆိုတဲ့ယောက်ျားမရှိ ပါ ဝူး.
ဘဝ မှာ တခါ ဘဲ တယောက်ကို ဘဲချစ် တာပါ..
ကိုယ်တွေ့ မို့လို့ ပါ..
#yairhtet

