blank  is feeling Loved
7 yrs

You are so awesome! Congrats on your “#LessWalk” moment at https://www.lesswalk.org/
သာဓု သာဓု သာဓုပါ ကိုသန္းထြန္းဝင္း
Mr Mike Than Tun Win (pictured) said that the bicycles he bought from Ofo and oBike will be given for free to students living below poverty line in Myanmar and who need to walk 2km to school.
ျမန္မာလူငယ္လုပ္ငန္းရွင္တစ္ဦး၏ ဦးေဆာင္မႈျဖင့္ စက္ဘီးစီးေရ (၁၀,၀၀၀)ကို ေက်းလက္ေဒသမွ လိုအပ္ေနသည့္ ေက်ာင္းေနကေလးမ်ားထံ အခမဲ့ေပးေဝမည္
-----
ျမန္မာႏိုင္ငံအတြင္း ေက်းရြာမ်ားမွ ေက်ာင္းသို႔ တစ္မုိင္ခြဲဝန္းက်င္ခရီးႏွင္ကာ ေက်ာင္းတက္ေနရသည့္ ေက်ာင္းသူေက်ာင္းသားမ်ားအား စက္ဘီးမ်ား အခမဲ့ေပးေဝရန္အတြက္ ျမန္မာလူငယ္လုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ မိုက္ခ္သန္းထြန္းဝင္းက ဦးေဆာင္ၿပီး စကၤာပူႏွင့္ မေလးရွားမွ ဝယ္ယူထားသည့္ စက္ဘီးအစီးေရ (၁၀,၀၀၀)မွ ပထမအသုတ္ အစီးေရ (၄,၃၀၀)မွာ ၂၀၁၉ ခုႏွစ္ ဇြန္လ ပထမပတ္တြင္ မေလးရွားႏွင့္စကၤာပူမွ စတင္သယ္ေဆာင္လာၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စက္ဘီးမ်ားမွာ စကၤာပူႏုိင္ငံတြင္ စက္ဘီးငွားရမ္းျခင္းလုပ္ငန္းရပ္ဆုိင္းလုိက္သည့္ ဂ်ပန္ကုမၸဏီ oBike ႏွင့္ Ofo ကုမၸဏီတုိ႔က သယ္ေဆာင္စရိတ္က စက္ဘီးတန္ဖိုးထက္မ်ားေနသျဖင့္ စြန္႔ပစ္ေတာ့မည့္ စက္ဘီးမ်ားကို ဝယ္ယူထားျခင္းျဖစ္ရာ မသံုးရေသးသည့္စက္ဘီးအသစ္မ်ားလည္းပါဝင္ၿပီး စက္ဘီးအားလံုးကို ျမန္မာႏုိင္ငံ ေက်းလက္ေဒသတြင္ အသံုးျပဳရအဆင္ေျပသည့္ပံုစံျဖစ္ရန္ မြန္းမံျပင္ဆင္မႈမ်ားလုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။
အသက္(၈)ႏွစ္အရြယ္ကတည္းက စကၤာပူတြင္ပညာသင္ၾကားခဲ့သည့္ မုိက္ခ္သန္းထြန္းဝင္းက ေက်းလက္ေဒသ ကေလးမ်ားအတြက္ စက္ဘီးမ်ားလွဴဒါန္းမည့္အစီအစဥ္တြင္ GS-Kixx Oil၊ Daung Capital ႏွင့္ IME Group တို႔က အစီးေရ(၅,၀၀၀)ပါဝင္လွဴဒါန္းၿပီး မုိက္ခ္သန္းထြန္းဝင္းက အစီးေရ (၅,၀၀၀)ကို လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စက္ဘီးစီးေရ (၁၀,၀၀၀)အား ျပည္တြင္းတင္ပို႔ရန္ အေကာက္ခြန္ေပးေဆာင္ရျခင္းမ်ားလည္း ေဆာင္ရြက္ထားၿပီးျဖစ္သျဖင့္ ဇြန္လအတြင္း စက္ဘီးအားလံုးသယ္ႏုိင္မည္ဟု ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။
ပထမဆံုးေရာက္လာသည့္ စက္ဘီးမ်ားကို မႏၱေလးတုိင္းႏွင့္ စစ္ကိုင္းတုိင္းအတြင္းရိွ ေက်းရြာမ်ားမွ လိုအပ္ေနသည့္ ကေလးမ်ားထံ စတင္ေပးေဝသြားမည္ျဖစ္ေၾကာင္း သိရသည္။
------
မြန်မာလူငယ်လုပ်ငန်းရှင်တစ်ဦး၏ ဦးဆောင်မှုဖြင့် စက်ဘီးစီးရေ (၁၀,ဝဝဝ)ကို ကျေးလက်ဒေသမှ လိုအပ်နေသည့် ကျောင်းနေကလေးများထံ အခမဲ့ပေးဝေမည်
မြေန်မာနိုင်ငံအတွင်း ကျေးရွာများမှ ကျောင်းသို့ တစ်မိုင်ခွဲဝန်းကျင်ခရီးနှင်ကာ ကျောင်းတက်နေရသည့် ကျောင်းသူကျောင်းသားများအား စက်ဘီးများ အခမဲ့ပေးဝေရန်အတွက် မြန်မာလူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် မိုက်ခ်သန်းထွန်းဝင်းက ဦးဆောင်ပြီး စင်္ကာပူနှင့် မလေးရှားမှ ဝယ်ယူထားသည့် စက်ဘီးအစီးရေ (၁၀,ဝဝဝ)မှ ပထမအသုတ် အစီးရေ (၄,၃၀၀)မှာ ၂၀၁၉ ခုနှစ် ဇွန်လ ပထမပတ်တွင် မလေးရှားနှင့်စင်္ကာပူမှ စတင်သယ်ဆောင်လာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ဘီးများမှာ စင်္ကာပူနိုင်ငံတွင် စက်ဘီးငှါးရမ်းခြင်းလုပ်ငန်းရပ်ဆိုင်းလိုက်သည့် ဂျပန်ကုမ္ပဏီ oBike နှင့် Ofo ကုမ္ပဏီတို့က သယ်ဆောင်စရိတ်က စက်ဘီးတန်ဖိုးထက်များနေသဖြင့် စွန့်ပစ်တော့မည့် စက်ဘီးများကို ဝယ်ယူထားခြင်းဖြစ်ရာ မသုံးရသေးသည့်စက်ဘီးအသစ်များလည်းပါဝင်ပြီး စက်ဘီးအားလုံးကို မြန်မာနိုင်ငံ ကျေးလက်ဒေသတွင် အသုံးပြုရအဆင်ပြေသည့်ပုံစံဖြစ်ရန် မွန်းမံပြင်ဆင်မှုများလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အသက်(၈)နှစ်အရွယ်ကတည်းက စင်္ကာပူတွင်ပညာသင်ကြားခဲ့သည့် မိုက်ခ်သန်းထွန်းဝင်းက ကျေးလက်ဒေသ ကလေးများအတွက် စက်ဘီးများလှူဒါန်းမည့်အစီအစဉ်တွင် GS-Kixx Oil၊ Daung Capital နှင့် IME Group တို့က အစီးရေ(၅,ဝဝဝ)ပါဝင်လှူဒါန်းပြီး မိုက်ခ်သန်းထွန်းဝင်းက အစီးရေ (၅,ဝဝဝ)ကို လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ဘီးစီးရေ (၁၀,ဝဝဝ)အား ပြည်တွင်းတင်ပို့ရန် အကောက်ခွန်ပေးဆောင်ရခြင်းများလည်း ဆောင်ရွက်ထားပြီးဖြစ်သဖြင့် ဇွန်လအတွင်း စက်ဘီးအားလုံးသယ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
ပထမဆုံးရောက်လာသည့် စက်ဘီးများကို မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများမှ လိုအပ်နေသည့် ကလေးများထံ စတင်ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
Credit/Ref: Today News Singapore

image
image
image
image
+6