ထူးထူးခြားခြား ဆယ်တန်းကျရှုံးခြင်းအလှူ
_______________________________
ကျရှုံးခြင်းဟာ ရှုံးနိမ့်ခြင်း မဟုတ်ဘူး သား…မိဘမေတ္တာဟုခေါ်ပါသည်…ထူးထူးခြားခြား ဆယ်တန်းကျရှုံးခြင်း အလှူတဲ့……
မကွေးတိုင်းဒေသကြီး ၊ စလင်းမြို့နယ် ၊ စည်ဆွဲရွာ မှ ကိုမျိုးဝင်း + မဥမ္မာဝင်း တို့၏ သား မောင်မျိုးကျော်ဦး ဆယ်တန်းကျရှုံးခြင်းအပေါ် မိဘများမှ ဆူပူ အပြစ်တင်ခြင်းမရှိဘဲ ယနေ့နံနက်ပိုင်းတွင် စည်ဆွဲရွာသူ/သားများအား ထမင်းအာဟာရကျွေးမွေးခြင်း ၊ထန်းရည် ၊
ကြက်သားဂွေးတောက်ဟင်း ၊ ပဲကြော်လ္ဘက်သုပ်များဖြင့် စည်စည်ကားကား ကျွေးမွေးဧည့်ခံပြီး သားဖြစ်သူအား နှစ်သိမ့်ပေးခဲ့ပါတယ်…။ ဒီနှစ်ကျရှုံးခြင်းဟာ နောက်နှစ်အောင်မြင်ဖို့အတွက် ကြိုတင်လေ့ကျင့်တယ်လို့ မှတ်လိုက်ပါ သားရယ်တဲ့…..
လာမယ့်နှစ်မှာ မိဘများအတွက် အောင်မြင်မှုများစွာ ရရှိနိုင်ပါစေ...
#Crd





