ဟက်ကာ Link လို့ခေါ်တဲ့ Fb အကောင့် Pw ချိန်းယူပြီး ခိုးယူတဲ့ တရားမဝင် Link နှင့် တရားဝင် Link အစစ်တို့အား အမှတ်တမဲ့ ခွဲခြားကြည့်နည်း။

Messenger Cb မှာဖြစ်စေ Comment မှာဖြစ်စေ Post မှာဖြစ်စေ လူအများစိတ်ဝင်စားသည့်
နေရာဖြစ်စေ ချေးငွေ Gp တို့၌ ဟက်ကာ Link အတုကို ချပေးပြီး ဒီထဲကိုဝင်လိုက်ပါ ဘာရမယ် ညာရမယ် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီးပြောတော့ မသိတဲ့ Fb User တချို့က တကယ်ရမယ် ဖြစ်မယ်ထင်ပြီး Link ကိုနှိပ်ပြီး မိမိ Fb အကောင့် Ph ( Or ) Gmail Fb Pw ရိုက်ပြီး Log in ဝင်လိုက်မိတဲ့အခါ ဒီ Link ကို ထွင်ထားသူရဲ့ Ph ( Or ) Gmail မှာ ဝင်လိုက်တဲ့လူရဲ့ Ph ( Or ) Gmail Fb Pw တို့သွားပေါ်နေပါတော့တယ် အဲ့ဒီအခါ သက်သက်သာသာပဲ သူခိုးက Fb Pw ချိန်းယူသွားပါတော့တယ်။ အဲ့အခါမှ ကယ်ပါအော်ကြတယ် သူခိုးကလဲ ငါကွလို့ အော်ကြတယ်။ တကယ်ဆို လေ့လာစရာတွေသိအောင် ဆရာတွေအဆင့်ဆင့် Post တွေတင်ကြတာကို လေ့လာရကောင်းမှန်းမသိကြဘူး တခုခုဖြစ်မှ ထအော်သူကများတယ်
တချို့ကလဲ Fb သာ နှစ်ရှည်သုံးလာတယ် Cb မှာတင် Q ပြီး အချိန်ကုန်သွားကြတယ် မလေ့လာကြဘူး ဘာမှမဖြစ်ခင်ပြင်စဉ်သင့်ပါတယ်။
တချို့ကလဲ နှစ်ယောက် အတွဲသုံးအကောင့်တွေသုံးကြပါတယ် အစဉ်ပြေတော့ ဟုတ်နေတာပေါ့
အစဉ်မပြေတဲ့အခါကျ Fb Pw ချိန်းယူခံရပြီး ပေါက်တက်ကရတွေလုပ်မှ ကယ်ပါ Fb အကောင့် ဟက်ခံရလို့ဆိုပြီးအော်တာ ဒါက ဟက်တာမဟုတ် Fb Pw ကိုကပေးသုံးလို့ Fb Pw သိလို့ချိန်းယူတာပါ
ဒါက ကိုယ့်ရူးမိုက်မှုနဲ့ကိုယ်ခံကြရမှာပဲ။
ဒီတော့ မဝင်သင့်တဲ့ ဟက်ကာ Link မဝင်မိအောင်
မပေးသင့်တဲ့ မိမိ Fb Pw ပေးမသုံးမိအောင် သတိရှိရှိလေးနဲ့နေပြီးအကောင့်ခိုးခံရခြင်းမှကင်းကြပါစေ။

တခြား လေ့လာသိရှိနိုင်သောအရာများလဲရှိလိမ့်အုံးမည် အခုကတွေ့မိတာလေးမျှဝေတာပါ။
Post အား အများသိအောင် Share နိုင်ပါသည်။

#Crd_Maung Htwe

image
image