Trending  shared a  post
7 yrs

သတိတရားလက်ကိုင်ထားပြီး တရားလက်မလွတ်ပဲ ကျန်းမာချမ်းသာစွာ နေထိုင်နိုင်ကြပါစေ။

#Dhamma

Min Khant  is feeling Very sad
7 yrs

❝ အရွယ် ❞
😢😢😢😢

အသက် ၂၀ တုန်းက
အိမ်မှာနေတာနဲ့ ခရီးသွားတာ
သိပ်မကွာလှပါ။
ဘယ်နေရာ ရောက်ရောက်
ခဏလေးနဲ့ အကျွမ်းတဝင်
ဖြစ်သွားတယ်။

အသက် ၃၀ မှာ…
နေ့တာနဲ့ ညတာ သိပ်မကွာလှပါ။
ဘယ်နှစ်ညပဲ အိပ်ရေးပျက်ပျက်
ဘာမှမဖြစ်သလိုပဲ။

အသက် ၄၀ ရောက်တော့
ဘွဲ့ရတာနဲ့ ဘွဲ့မရတာ
သိပ်မကွာလှပါ။
ကျောင်းမပြီးလိုက်တဲ့
သူငယ်ချင်းတွေ…
ဝင်ငွေပိုကောင်းနေသလိုပဲ။

အသက် ၅၀ ရောက်တော့
လှတာနဲ့ ရုပ်ဆိုးတာ
သိပ်မကွာလှပါ။
ငယ်သူငယ်ချင်းတွေ
ဘယ်လောက်ချောခဲ့လှခဲ့
အခု ပါးရည်တွေ စတွန့်နေပါပြီ။

အသက် ၆၀ ရောက်တော့
ရာထူးကြီးတာနဲ့ ရာထူးငယ်တာ
သိပ်မကွာလှပါ။
ပင်စင်စားပြီးရင် အားလုံးဟာ
အရပ်သားပြန်ဖြစ်သွားတာပါပဲ။

အသက် ၇၀ ရောက်တော့
အိမ်ကြီးတာနဲ့ အိမ်သေးတာ
သိပ်မကွာလှတော့ပါ။
အရိုးအဆစ်ကိုက်တော့…
ဘယ်နှစ်ထပ်အိမ်ပဲဖြစ်ဖြစ်
သိပ်မတက်ဆင်းချင်တော့ပါ။

အသက် ၈၀ရောက်တော့
ချမ်းသာတာနဲ့ ဆင်းရဲတာ
သိပ်မကွာတော့ပါ။
ဘယ်လောက်ပဲသုံးသုံး
ပိုက်ဆံ…
သိပ်မသုံးတတ်တော့ဘူးလေ။

အသက် ၉၀ ရောက်တော့
ယော့င်္ကျားနဲ့ မိန်းမ
သိပ်မကွာလှတော့ပါ။
ဘယ်သူမှ အဲဒီအရွယ်မှာ
ဆန့်ကျင်ဘက်ကို…
စိတ်မဝင်စားတော့ပါဘူး။

အသက် ၁၀၀ ရောက်တော့
လှဲနေတာနဲ့ ရပ်နေတာ
သိပ်မကွာလှတော့ပါ။
ထရပ်နေရင်လည်း …
သိပ်မသွားတော့ဘူးလေ။

ဘဝဆိုတာဒါပါပဲ…
မြင်အောင်ကြည့်ပါ။
သိအောင်ရှုပါ။
လုံးလုံးနားလည်သွားရင်
ဘဝကို ပျော်ရွှင်အောင်
နေတတ်သွားပါပြီ …။

Credit to origin
(ဓမ္မလက်ဆောင်)