အာသဝေါတရား လေးပါး
………………………………
၁။ကမ္မာသဝ
၂။ဘဝါသဝ
၃။ဒိဋ္ဌာသဝ
၎။အဝိဇ္ဇာသဝ လို့  အာသဝေါတရား
လေးပါးရှိပါတယ်။
အာသဝ ကို ဝဲသြဂ လို့ လည်းဆိုပါတယ်။
အာသဝေါတရားတွေရှိနေသ၍
သံသရာမှာ အဝိုင်းပြေးပြီး
မျှောလိုက် မြူတ်လိုက်နဲ့
ထွက်လမ်းမရနိုင်ပါဘူး။
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းမှာ
လှည်းဘီးပုံသဏ္ဌာန်နဲ့
အာသဝလို့ ခေါ်တဲ့ ဝဲသြဂလေးပါးကို
ပြထားပါတယ်။
အကွက်အားဖြင့်လေးကွက်
ပိုင်းခြားထားတာကို
အာသဝဒေါက်လေးဒေါက်လို့ မှတ်ပါ။
အလည်ခေါင်တည့်တည့်က
အဝိဇ္ဇာနဲ့တဏှာ ဆိုတဲ့ အဝိုင်းကို
ဝင်ရိုးလို့ ခေါ်ပါတယ်။
ဘဝသံသရာတစ်လျှောက်မှာ
မသိမှု့အဝိဇ္ဇာ
လိုချင်ရချင်မှု့ဆိုတဲ့တဏှာဖြင့်
ကာယကံ၊ဝစီကံ၊မနောကံတို့ နဲ့
ကံတွေအမျိုးမျိုးပြုလုပ် ခဲ့ကြသောကြောင့်
ဘဝတွေအမျိုးမျိုးပြောင်းပြီး
မျှောခဲ့မြူတ်ခဲ့ကြရပါတယ်။
သံသရာဘီးကြီးကိုခိုင်မြဲနေအောင်လည်း
ကိလေသဝဋ် ၊ကမ္မဝဋ် နဲ့ဝိပါကဝဋ်ဆိုတဲ့
သံပါတ်ပြားကြီးကလည်း
အဝိုင်းပတ်ချည်နှောင်ထားပါတယ်။
ဒါကြောင့်အာသဝေါတရားတွေကုန်ဖို့ 
အာသဝဆိုတဲ့ဒေါက်တွေချိုးဖို့ 
အဝိဇ္ဇာနဲ့တဏှာ ဆိုတဲ့
ဝင်ရိုးကိုချိုးလိုက်တာနဲ့၊
သံပါတ်ပြတ်
အာသဝဒေါက်ကျိုးပြီး
သံသရာလည်စေတဲ့
စက်ရဟတ်ကြီးလည်းပြတ်ပါတယ်။
အာသဝဝင်ရိုးကိုချိုးချင်ရင်
အာသဝေါတရားဖြစ်စေတဲ့
အဝိဇ္ဇာနဲ့တဏှာဝင်ရိုးကိုချိုးရပါမယ်။
အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင်လုပ်ပါ။
တဏှာကို အကွက်ကျသတ်ရပါတယ်။
တဏှာကိုတိုက်ရိုက်မပါယ်သတ်ပါနဲ့
တဏှာဖြစ်ကြောင်းကို ပါယ်သတ်ပါ။
အာသဝဝင်ရိုးကိုချိုးချင်ရင်လည်း
ပဋိစ္စသမုပ္ပါဒ် နှစ်အကွက်နဲ့ သုံးအကွက်ကြား
(ဝေဒနာနဲ့တဏှာကြား) မှာရှု့ရပါတယ်။
သောတာပန်လည်း ဝေဒနာနဲ့တဏှာကြားမှာ
တည်ပါတယ်။
သကဒါဂါမ် နဲ့အနာဂါမ်လည်း
ဝေဒနာနဲ့တဏှာကြားမှာတည်ပါတယ်။
ရဟန္တာလည်း ဝေဒနာနဲ့တဏှာကြားမှာ
တည်ပါတယ်။
ဘုရားလည်း ဝေဒနာတဲ့တဏှာကြားမှာ
ဖြစ်တော်မူပါတယ်။
ဒါကြောင့် အာသဝ ဝင်ရိုးကိုလည်း
ဝေဒနာနဲ့တဏှာကြားမှာ
ဖြစ်ပျက်ရှု့ပြီးချိုးပါ။

