Min Khant  is feeling Funny
7 yrs

မိန်းမဟူသည်
သမီးရည်းစားဘဝမှာ
ရေသန့်ဘူးဖွင့်ဖို့ အားမရှိသလောက်
နေကြာစေ့အခွံခွါဖို့ ပျင်းသလောက်
မသွားရဲ မလာရဲသလောက်
အိမ်ထောင်သည်ဘဝမှာ
ဆက်တီ ဘီရို ရေသယ် ကအစ
ကလေး နှစ်ဘက်နဲ့တောင်
တစ်ယောက်တည်း ခရီးသွားနိုင်လာပြီး

ယောကျ်ားဟူသည်
သမီးရည်းစားဘဝမှာ
ပင်လယ်ကြီးတောင် လက်ပစ်ကူးပြမယ်ဆိုသလောက်
မင်းအတွက်ဆို အရာရာ ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့
ကိုကိုမပါဘဲ ဘယ်မှမသွားနဲ့ စိတ်ပူရ နဲ့
ရဲရင့်သတ္တိ ရှိခဲ့လေသမျှ
အိမ်ထောင်ကျချိန်မှာတော့
ကိုယ့် အိမ်ထဲက ကိုယ့်ပုဆိုးတောင်
မိန်းမရှာပေးမှ တွေ့တဲ့ ဘဝအဖြစ်

ပြောင်းလဲကုန်ကြတာ ခိခိ

ဘဝ က ရုပ်ရှင် မဟုတ်ဘူးနော်...ညီမလေးတို့ရေ😜😜

credit

image