စွယ်တော်ရွက်
__________________

သူ့ပါးပေါ်က လိမ့်ကျလာတော့
မျက်ရည်
ကိုယ်ရင်ဘတ်ပေါ် ရောက်တော့
အက်စစ် ။

ကိုယ့်လက်ကောက်ဝတ်ကို
စမ်းကြည့်တော့
သူ့သွေးခုန်နှုန်းကို စမ်းမိတယ် ။

သူဆိုတဲ့ သီချင်းတိုင်း
ကိုယ်က အသံထွက်ပေးရတယ် ။

တခြားသော အလှတရားတွေဟာ
သူ့မျက်တောင်လေးနဲ့ ကာထားတော့
မမြင်ရဘူး ။

တစ်ကိုင်းစီ နားနေပေမယ့်
တစ်ကောင်ထိရင်
‌နှစ်ကောင်စလုံး ကျပါတယ် ။

- စိုးခိုင်ညိန်း