“လူရိုး”
============
သူ့မိန်းမ အမြင်မှာ ကိုချစ်ပို
တစ်ယောက်ဟာ အေးလွန်းတယ်။
မနက်ရုံး သွား ၊ရုံးအဆင်း
ကြက်တောင်ကလပ် မှာကြက်တောင်
ဝင်ရိုက် အိမ်ပြန် ထမင်းစား အိပ် ..
မနက်ရုံးသွား ဒါနဲ့ပဲ သံသရာလည်နေတယ်။
ကိုချစ်ပို၊ ရှင့် မလဲ အေး လိုက်တာ၊
ယောက်ကျားပီပီသသ ဘီယာလေး
ဘာလေး တစ်ခါတစ်လေ သောက်
စင်တင်လေး ဘာလေးသွား ကောင်မ
လေးတွေ သီချင်ဆိုတာတွေသွား
ကြည့်ပါလားဆိုတော့ ...

ကိုချစ်ပိုက.. အိုကွာ မင်းသိသားနဲ့
ဒါ တွေ က ငါနဲ့ လားလား မှမအပ်စပ်
ပြဒါး တစ်လမ်း သံတစ်လမ်း
ငါ့ဟာ ငါ အေးအေးနေ ပါရစေ။

မိန်းမလဲ မဖြစ်ချေ ဘူး၊ ဒင်းကို
ငါကိုယ်တိုင် ပို့ ပေးမှ ဆိုပီး
တစ်ညနေ ကိုချစ်ပို ကြက်တောင်
ရိုက်အပီး စောင့်ကြည့်ပြီး
ကြက်တောင်ကလပ်ဘေး
ကပ်လျှက်ကစင်တင် ဘီယာဆိုင်ကို
ခေါ် သွားတယ်။

ထိုင်ရုံရှိသေး ဘာမှမမှာရသေး ဝိတ်တာ တစ်ယောက်က မြန်မာဘီယာတစ်လုံး တန်း လာချသွား တော့ ကိုချစ် ပို က သူ့မိန်းမကိုပြောတယ်၊
ငါတို့ ကြက်တောင်ကလပ်က တစ်ခြား လူတွေ
ဒီဆိုင် လာရင် မြန်မာဘီယာတစ်မျိုးပဲ
သောက်ကြတယ် ပြောသံကြား ဘူး တယ်ကွ။
ငါ့ လဲ ဒီကြက်တောင်ကလပ်ကပဲ ဆိုပီး မြန်မာဘီယာကို မမေးပဲ တန်းချသွားတာဖြစ်မယ်တဲ့။

မကြာပါဘူး ကန်ဇွန်းပလိန်း တစ်ပွဲ တန်း လာ ချ သွားပြန်ရော။ ကိုချစ်ပို က ပြောပြန်ရော။ မြန်မာဘီယာက ဒီဆိုင်မှာ promotion လုပ်နေတယ် ပြောတယ်၊ မြန်မာဘီယာ သောက်သူတိုင်း ကို ကန်ဇွန်းပလိန်းတစ်ပွဲ free ပေး တယ် လို့ ပြောတယ် ၊ လက်စသပ် တော့ ကလပ် က ကောင်တွေ ဒီဆိုင်ပဲလာလာ နေကြတာ ဒါ့ကြောင့် ကိုး ၊ ဟားဟားဟား။
သူ့မိန်းမကတော့ သိပ်မသင်္ကာတော့ဘူး။

ခဏနေတော့ စင်တင်စတိတ်ရှိုးက သီချင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ဝိုင်းနား ရောက်လာတယ်၊
ထိုင်နေတဲ့ကိုချစ်ပိုကို ခုံအနောက်ကနေသိုင်းဖက်ပြီး၊
ကိုချစ်ပိုကြီး သမီးကို ပန်းကုံးမချတာ ၃ ရက်ရှိပီနော၊
ဒီနေ့ တော့ သမီးကို ပန်းကုံး များများ ချ ရမယ် နော်
ဧည့်သည်လဲပါး လို့ပါ ခု ဘယ်ဆိုင်က စော်ကြီး ခေါ်လာထိုင်တာတုန်း ဆိုပြီး ကိုချစ်ပို ပါးကိုလိမ်ဆွဲပြီး ထွက်သွား ကရော။
မိန်းမ လဲပေါက်ကွဲပြီး လာစမ်း သေနာ၊ ပြဒါးတစ်လမ်း သံတစ်လမ်းကြီး အိမ်ကျမှ ကောင်းကောင်းသိမယ် ဆိုပီး ကိုချစ်ပို ကို နားရွက်က ဆွဲ ဆိုင်အရှေ့ တွေ့တဲ့ taxi ကား ပေါ်တက်ပြီး တစ်လမ်းလုံး ဆဲဆိုလာ တာ ကို ကြား တော့ taxi ဒရိုင်ဘာ က နောက်လှည့် ပြောတယ်။

ကိုချစ်ပို ကြီး ဘယ်လိုဖြစ်တာလဲ၊ အရင်စော်တွေလို မဟုတ်ဘူး၊ ခင်ဗျား ဒီနေ့ မ, လာ တဲ့ စော်ကြီး က ကြမ်း လိုက် တာ တဲ့။

😁😀😁


Credit: original author #cartoon #shwehtoo

image