idea ကိုသဘောကျလို့ 🤔🤔

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။
အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,F=6, G=7, H=8, I=9, J=10,K=11, L=12, M=13, N=14, O=15P=16, Q=17, R=18, S=19, T=20U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။

၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။🤔🤔

၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5=96%
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။🤔🤔

၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။🤔🤔

၄။ ကံတရား (Luck)
L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။🤔🤔

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)
M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။🤔🤔🤔

ဒါဆိုရင်....

၆။ခေါင်းဆောင်မှုအရည်အသွေး(Leadership)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 =89%
ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။🤔🤔

ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကိုစိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။

ဟုတ်ပြီ . . .စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)
A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %ရပါပြီ . . . ။
ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့စိတ်နေစိတ်ထားပါပဲ။👈👈👈

“Attitude is everything ” လို့ ဆိုပါတယ်။

ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့
ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။👍👍👍

အခု အဖြေကို သိရပါပြီ။

ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။🤔🤔🤔🤔

(copy ယူလာတာပါ)(Good Attitude က လှပစေတယ်လို့ လည်း Davika ကပြောဖူးလို့ပါ)