Kimoo Bin  分享了一个  邮政
4 年

နှုတ်လုံခြင်းဖြင့် တော်လှန်မယ်

နှုတ်လုံခြင်းဖြင့် တော်လှန်မယ်

မြို့ပြမှာ တော်လှန်လှုပ်ရှားနေတဲ့ရဲဘော်တွေရဲ့
လုံခြုံရေးဟာ မြို့ပြမှာရှိနေတဲ့ပြည်သူများရဲ့
ပူးပေါင်းပါဝင်ကူညီမှုနှင့်လည်း အများကြီး
သက်ဆိုင်မှုရှိနေပါတယ်။

ပြည်သူများရဲ့ ကူညီမှုများကြောင့် ဘေးရန်ဒုက္ခမတွေ့ခဲ့ရတာရှိသလို မမျှဝေသင့်သော သတင်းအချက်လက်များကို ပြန်လည်မျှဝေခြင်းများကြောင့် ဖမ်းဆီးထိန်းသိမ်းခံရမှုများလည်းရှိနေပါတယ်။

ဒါကြောင့် ပြည်သူများဟာ သတင်းအချက်လက််များအားလုံးကို မပြောခင်တွေး၊ မရေးခင်တွေး၊ မဖြန့်ခင်တွေး ဆိုတဲ့ တွေး (၃)တွေးနှင့် ပြန်လည်စဉ်းစားသုံးသပ်ပြီးမှသာလျှင် မျှဝေပေးကြရန် ကျွန်တော်တို့
မြို့ပြတော်လှန်ရေးအင်အားစုများကတောင်းဆိုလိုက်ရပါတယ်။

#ddaychannel

image
image
image
image
image