၀က်သုံးထပ်သားကင်နဲ့အချဉ်ရည်ဖျော်နည်း🍴🍽️

မေ့သူငယ်ချင်းတို့ရေရုံးပိတ်ရက်အိမ်မှာလွယ်လွယ်ကူကူလုပ်စားနိုင်အောင်ပြောပြပေးမယ်နော်
လိုအပ်သောပစ္စည်းများ
၁။၀က်သုံးထပ်သား ၅၀သား
၂။ဂျင်း၊ကြက်သွန်ဖြူ၊နံနံပင်၊မန်ကျည်းသီး၊ဆား၊ဟင်းခတ်မှုန့်၊ငံပြာရည်၊ငရုတ်သီးစိမ်း/နီတောင့် အနည်းငယ်စီ
ချက်ပြုတ်နည်း
၁။၀က်သားများကိုရေစင်အောင်ဆေးပြီးဒယ်အိုးထဲရေတစ်မြုပ်ထည့်ပြီးကျက်တယ်ဆိုရုံလေးပြုတ်ပါမယ်။
၂။အအေးခံပြီး၀က်သားများကိုအခေါက်ကိုခက်ရင်းနဲ့ဆွပြီးနာရီ၀က်/တစ်နာရီလောက်နေလှန်းပေးပါ။
၃။ဂျင်းကိုထောင်းပြီးအရည်ညစ်ပါ။နေလှန်းပြီးသား၀က်သားကိုဆား၊ဟင်းခတ်မှုန့်၊ဂျင်းအရည်ထည့်ပြီးနယ်နှပ်ထားပါ။
၄။၁၅မိနစ်‌ေလာက်‌ေနပြီးရင်မကပ်အိုးနဲ့ကင်ပေးပါ‌။အပေါ်အောက်အကျက်ညီစေရန်အထူးသတိထားရပါမယ်။
၅။အအေးခံပြီးရွယ်တော်တုံးလေးတွေတုံးထားပါ။
အချဉ်ရည်ဖျော်နည်း
၁။မန်ကျည်းသီးကိုရေနွေးနဲ့ဖျော်ထားပါ၊ငရုတ်သီးနဲ့ကြက်သွန်ဖြူကိုဗိုက်မနာစေရန်လှော်ပြီးထောင်းထားပါ၊နံနံပင်ကိုရေစင်အောင်ဆေးပြီးပါးပါးလေးလှီးပါ။
၂။မန်ကျည်းရည်ထဲကိုကြက်သွန်ဖြူငရုတ်သီးထောင်းထားတာထည့်၊ဟင်းခတ်မှုန့်၊ငံပြာရည်ထည့်ပြီးမြည်းကြည့်ပါ၊အရသာတော်ရင်နံနံပင်လှီးထားတာလေးဖြူးလိုက်ပါ။
ပြင်ဆင်နည်း
🍽️ဆလပ်ရွက်ကိုပန်းကန်ပြားထဲခင်းပါ။
🍽️၀က်သားကင်အတုံးလေးတွေကိုလှအောင်ထည့်ပါ
🍽️အချဉ်နဲ့တွဲဖက်စားသုံးနိုင်ပါပြီရှင်
ရုံးပိတ်ရက်အိမ်ထဲမှာကိုရီးယားဆန်နိုင်ပါပြီနော်❣️❣️❣️
#မေ့လက်ရာ

image
image
image