#မင်းဘယ်မှာလဲသူငယ်ချင်း
ငြိမ်နေတဲ့သူတွေနဲ့
အိမ်မနေရသူတွေ…….
ပျော်ရွှင်နေတဲ့သူတွေနဲ့
ခေါ်ရင်မထူးနိုင်တော့သူတွေ…….
နေသာသလိုနေသူတွေနဲ့
ပြည် ရွာမှာမနေရသူတွေ…….
အပြုံးမပျက်သူတွေနဲ့
အကုန်ရုန်းထွက်ပြေးရသူတွေ……
အပျော်ဘုရားသွားမပျက်သူတွေနဲ့
ဘုရားကျောင်းအဖျက်ခံရသူတွေ……
မိသားစုလိုက်စျေးဝယ်ထွက်နေသူတွေနဲ့
တကွဲတပြားတောကြားတောင်ကြားရောက်နေသူတွေ..
အဓမ္မကိုရေလောင်းပေါင်းသင်နေသူတွေနဲ့
ဓမ္မအတွက်အသက်ပေးနေသူတွေ……
ပျော်သလိုနေ နေသူတွေနဲ့
တော်သလိုကူနေသူတွေ….
ရသလို အမြတ်ထုတ်နေသူတွေနဲ့
ကျသလို အရအကုပ်လှူနေသူတွေ….
ဘယ်သူတွေဘာဘဲလုပ်နေနေ
ဓမ္မက နိုင်နေပြီ။
Credit
Suka
Komentar
Membagikan

