.......ရှောက်သီးသုတ်_ရခိုင်သုတ်နည်း.....
အခုလိုဆောင်း၀င်လာတဲ့အချိန်ရှောက်သီးသုတ်စပ်စပ်လေးကိုရေနွေးပူပူလေးနဲ့သောက်လိုက်ရရင်ဖြင့်........🤤🤤🤤
မေ့သူငယ်ချင်းတို့ရေ
ဒီတစ်ခါတော့ရှောက်သီးသုတ်ကိုရခိုင်သုတ်နည်းလေးပြောပြချင်ပါတယ်နော်
ပါ၀င်ပစ္စည်းများ
၁။ရှောက်သီးအစိမ်း ၁ခြမ်း
၂။ကြက်သွန်နီ ၃လုံး ပါးပါးလှီးထားပါ
၃။မျှင်ငါးပိအနည်းငယ် မီးကင်ထားပါ
၄။မြေပဲလှော်၊ပုစွန်ခြောက် လက်တစ်ဆုပ်စီထောင်းထားပါ
၅။ပဲဆီ၊ပဲမှုန့် အနည်းငယ်
၆။ငရုတ်သီးစိမ်း၁၀/၁၅တောင့် လှော်ပြီးထောင်းထားပါ
ပြုလုပ်နည်းအဆင့်ဆင့်
၁။ရှောက်သီးကိုအမွှာလေးတွေနွှာပြီးရေစိမ်/ရေစစ်ထားပါ။
၂။ပါးပါးလှီးထားတဲ့ကြက်သွန်နီ၊မီးကင်ထားတဲ့မျှင်ငါးပိ၊မြေပဲမှုန့်၊ပုစွန်ခြောက်မှုန့်၊ထောင်းထားတဲ့ငရုတ်သီးစိမ်းတို့ကိုပန်းကန်တစ်ခုထဲထည့်ပါ။
၃။ပဲဆီ၊ပဲမှုန့်အနည်းငယ်ထည့်ပြီးနယ်ပါ။
၄။ရေစစ်ထားတဲ့ရှောက်သီးအမွှာလေးတွေထည့်ပြီးဖွဖွလေးနယ်ပါ။အရည်ထွက်ကုန်ရင်အချဉ်ပိုသွားပါလိမ့်မယ်နော်။
၅။အပေါ့အငန်အစပ်အရသာမြည်းပြီးပန်းကန်လှလှလေးနဲ့ပြင်လိုက်ရင်ထမင်းစားမြိန်ေစမယ့်ေရှာက်သီးသုတ်_ရခိုင်သုတ်စပ်စပ်လေးရပါပြီရှင့်
#မေ့လက်ရာ

