H1N1 တုပ်ကွေး ကင်းစင်ဖို့ ကိုယ်ခံအားစနစ် မြင့်တက်စေမည့် အစာများ
ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)
- - - - - - - - - - - - - - - - - - - - - - - - - - -
အဓိကကတော့ ကိုယ်ခံအားတက်မယ့် အစား အသောက်တွေကို စားပေးဖို့ လိုတယ်။ ဗီတာမင်စီ များတဲ့ အစာတွေနဲ့ အမိုင်နိုပပ်တိုက်ပါတဲ့ အစာတွေ က ကိုယ်ခံအားကောင်းစေပါတယ်။
(၁) စွပ်ပြုတ်
စွပ်ပြုတ်အနေနဲ့ ကြက်စွပ်ပြုတ်ကလည်း ပရိုတင်းပါလို့ ကိုယ်ခံအား တက်စေပါတယ်။ ငါးစွပ်ပြုတ်၊ ပုဇွန်စွပ်ပြုတ်၊ ပဲစွပ်ပြုတ် စတာတွေက လည်း ပရိုတင်းဓာတ်ပါဝင်မှုများတဲ့အတွက် စားသင့်ပါတယ်။အထူးသဖြင့် စွပ်ပြုတ်ရည်ကို ဟင်းခတ်အမွှေးအ ကြိုင်ထည့်ပြီး ပူပူနွေးနွေးလေး သောက်ပေးရပါမယ်။
(၂) ပုဇွန်
ပုဇွန်စားရင် ပရိုတင်းဓာတ် ရရှိစေတဲ့အပြင် ဇင့် (သွပ်)ဓာတ်ပါဝင် တာကြောင့် ကိုယ်ခံအားမြင့်တက် စေပါတယ်။ အခုလောလောဆယ်မှာ ပုဇွန်စွပ်ပြုတ် ပူပူလေး သောက်ပေးရင်လည်း ကောင်းပါတယ်။
(၃) ဗီတာမင်စီပါဝင်မှုများသည့် အစာများ
လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ မာလကာသီး၊ ဆန်းကစ်သီး၊ ဂရိတ်ဖရုသီး၊ ငရုတ်ပွသီး စတာတွေမှာ ဗီတာမင်စီပါဝင်မှုများတဲ့အတွက် စားပေးသင့်ပါတယ်။ ဘီတာကယ်ရိုတင်းလည်း ပါတဲ့အတွက် အ ရေပြားကို ကျန်းမာစေတော့ ပိုးတွေက တော်ရုံတန်ရုံနဲ့ မနေနိုင်ပါဘူး။
(၄) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းကလည်း ဗီတာမင်ကော သတ္တု ဓာတ်ပါ များများ ပါဝင်တဲ့အတွက် စူပါအစားအစာထဲမှာ ပါဝင်ပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာ မင်စီ၊ အမျှင်ဓာတ်၊ အင်တီအောက်ဆီးဒင့် စတာတွေ ပါဝင်တဲ့အတွက် ကိုယ်ခံအားကို တက်စေပါတယ်။
(၅) ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကို မြင့်တက် စေတဲ့ အစာပါ။ အယ်လီစင်ဓာတ်ပါတဲ့အတွက် ကြက်သွန်ဖြူကို အစိမ်းစားနိုင်ရင် ပိုကောင်းပါတယ်။ ကြက်သွန်ဖြူက စပ်လို့ မစားနိုင်ရင် နည်းနည်းလေး ပြုတ်လိုက်ပြီး အချိန် ၃ မိနစ်လောက် ထားလိုက်တာ နဲ့ သူ့အလိုလို ပျော့သွားပါတယ်။ အဲဒါကို စားပေးရင် လည်း ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်။
(၆) ချင်း (ဂျင်း)
ချင်း(ဂျင်း)ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပါ။ ချင်းကို သုပ်စားစား၊ ပြုတ်စားစား ကောင်းပါတယ်။
(၇) ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပါ။
(၈) ဒိန်ချဉ်
ဒိန်ချဉ်ကတော့ အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့အတွက် ကိုယ်ခံအားမြင့်တက်စေတဲ့ အစာပါ။
(၉) ဗာဒံစေ့ (Almond)
ဗာဒံစေ့ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပဲ ဖြစ်ပါတယ်။
(၁၀) ဆနွင်း(နနွင်း)
ဆနွင်းမှုန့်ကလည်း ကိုယ်ခံအားမြင့်တက်စေတဲ့ အရာ ဖြစ်ပါတယ်။
(၁၁) ရေနွေးကြမ်း
ရေနွေးကြမ်းပူပူလေး သောက်ပေးရင် ကိုယ်ခံအားတက်စေပါတယ်။ အထူးသဖြင့် Green Tea ထဲမှာ အင်တီအောက်ဆီးဒင့်ပါတဲ့အတွက် ခန္ဓာကိုယ်ထဲ တီဆဲလ်တွေ ထုတ်ပေးပါတယ်။ အပြင်ကနေ ပိုးဝင်လာရင် တီဆဲလ်တွေက တွန်းလှန်ပေးပါတယ်။
(၁၂) သင်္ဘောသီး
သင်္ဘောသီးကလည်း ဗီတာမင်စီ၊ ပိုတက်ဆီယမ်ပါတဲ့အတွက် ကိုယ်ခံအားမြင့်တက်စေပါတယ်။
(၁၃) ကီဝီသီး
ကီဝီသီးကလည်း ကိုယ်ခံအားမြင့်တက်စေလို့ စားပေးသင့်ပါတယ်။
(၁၄) နေကြာစေ့
နေ့ကြာစေ့မှာလည်း ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီ ယမ်ပါဝင်မှုများတဲ့အတွက် ကိုယ်ခံအားတက်စေပါတယ်။
(၁၅) ထောပတ်သီး
ထောပတ်သီးကလည်း ကိုယ်ခံအားတက်စေတဲ့ အစာဖြစ်ပါတယ်။
အရေးကြီးတာက သန့်ရှင်းရေးကောင်းဖို့ ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက် သန့်ရှင်းရေးတွေကို အလေးထားရပါမယ်။ #HealthyLifeJournal
(Healthy Life ဂျာနယ် အမှတ် (၉၂) တွင် ပါရှိသည့် အာဟာရဆောင်းပါး ကို အများပြည်သူအကျိုးရှိစေရန် ပြန်လည် ဖော်ပြလိုက်ရပါသည်။)
Credit: Original Author
♦ #ယခုဆောင်းပါးကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ အခြားမီဒီယာများ၊ Page Admin များအနေဖြင့် ဆောင်းပါးတစ်ပုဒ်လုံးသော်လည်းကောင်း၊ တစ်ပိုင်းတစ်စသော်လည်းကာင်း ကူးယူဖော်ပြခွင့်မရှိပါ။

