......ကောက်ညင်းဆီထမင်း.......
မေ့သူငယ်ချင်းတို့ရေ
ဆောင်းတွင်းနဲ့လိုက်ဖက်နေမှုကြီး ဆီထမင်းပူပူလေးလုပ်နည်းပြောပြပေးမယ်နော်
ပါ၀င်ပစ္စည်းများ
၁။ကောက်ညင်းဆန်၃လုံး
၂။ပဲဆီ၁ဇွန်း
၃။နနွင်းအနည်းငယ်၊ကြက်သွန်နီ၂လုံး
၄။ဖြူးစားရန်အုန်းသီးမနုမရင့်၁လုံးခြစ်ထားပါ
၅။ကြက်သွန်နီကြော်အနည်းငယ်
၆။ဆားနဲ့နှမ်းရောထောင်းထားတဲ့နှမ်းထောင်း
၇။ပုစွန်ေြခာက်မှုန့်အနည်းငယ်
ပြုလုပ်နည်း
၁။ကောက်ညင်းဆန်ကိုရေဆေးပြီးတစ်နာရီလောက်ရေစိမ်ထားပါ။
၂။မကပ်အိုးထဲကောက်ညင်းဆန်၊ပဲဆီ၊နနွင်း၊လှီးထားသောကြက်သွန်နီထည့်ပြီးရေလက်တစ်ဆစ်ထည့်ပါ။
၃။မီးအေးအေးနဲ့ထမင်းနှပ်သလိုမွှေပေးပါ၊အပေါ့အငန်အတွက်ဆား၊သကြားအနည်းငယ်ထည့်လိုကထည့်နိုင်ပါတယ်။
၄။ကောက်ညင်းမနပ်သေးဘူးထင်ရင်ရေနည်းနည်းတောက်ပေးပြီးနှပ်ပေးရင်စားကောင်းလှတဲ့ဆီထမင်းအိအိလေးရပါပြီ။
၅။ပုစွန်ခြောက်မှုန့်၊ကြက်သွန်နီကြော်၊နှမ်းေထာင်း၊အုန်းသီးဖက်လေးတွေနဲ့တွဲဖက်သုံးဆောင်နိုင်ပါပြီနော်။
#မေ့လက်ရာ

