blank  shared a  post
7 yrs

H1N1 လား ၊ သာမန်အအေးမိလား?

H1N1 တုပ်ကွေးရောဂါ ကြောင့် ရန်ကုန်တွင် လူသေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟူသော သတင်းများကြောင့် မိဘပြည်သူများအကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာလျက်ရှိပါသည်။

ဆေးရုံဆေးခန်းများတွင်လည်း ရုတ်တရက် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ သွားရောက်ထိုးနှံကြသောကြောင့် အချို့သော နေရာများတွင် ဆေးဝယ်ရခက်ခြင်း ကာကွယ်ဆေးပြတ်လပ်ခြင်းများ ဖြစ်ပေါ်လျက် ရှိနေပါသည်။

ယခုကဲ့သို့သော မိုးဦးကျရာသီသည် သာမန်အအေးမိနှာစေးသော ရောဂါများ အဖြစ်များသော ရာသီလည်း ဖြစ်ပါသည်။ H1N1 တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများမှာလည်း သာမန်အအေးမိနှာစေးသော ရောဂါလက္ခဏာများနှင့် ဆင်တူနေပြန်ရာ မိဘပြည်သူများအနေဖြင့် နားလည်မှု လွဲမှားပါက မလိုလားအပ်သော နစ်နာမှုနှင့် စိုးရိမ်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

သာမန်အအေးမိသည်ကို H1N1 ဖြစ်နေပြီဟု အထင်မှားပါက မလိုလားအပ်သော စိုးရိမ်မှုဖြင့် ငွေကုန်လူပန်း ဖြစ်ကြရပြီး H1N1 တုပ်ကွေးရောဂါ ဖြစ်နေသည်ကို သာမန်အအေးမိသည်ဟု ပေါ့ဆမိပါကလည်း မလိုလားအပ်သော ဝမ်းနည်းစိတ်မကောင်းစရာ ဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်ပါသည်။

ထို့ကြောင့် ရောဂါပြင်းထန်သော H1N1 တုပ်ကွေးရောဂါ နှင့် သာမန်အအေးမိ နှာစေးခြင်း တို့ကို ခွဲခြားနိုင်ရန် ယခုကဲ့သို့ ပုံဖြင့် စီစဉ်ရေးသားပေးလိုက်ရပါသည်။

မိဘပြည်သူများအနေဖြင့် -
- ရောဂါလက္ခဏာ ခွဲရခက်နေလျှင်ဖြစ်စေ
- ဖျားနာနေသည်မှာ ၃ ရက်မြောက်သည်အထိ မသက်သာသေးလျှင်ဖြစ်စေ တတ်ကျွမ်းနားလည်သော ဆရာဝန်ဖြင့် စနစ်တကျ ကုသမှု ခံယူကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်။

မိဘပြည်သူများအားလုံး ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ရရှိ ပိုင်ဆိုင်နိုင်ကြပါစေ။

Dr. ကျော်သက်စိုး (GP)
အထွေထွေရောဂါကု ဆရာဝန်
19.6.19
Credit: Author

image