ဘ၀မှာ မိုက်ရတာလွယ်ပါတယ်
လိမ္မာဖို့ပဲ အရမ်းခက်တာပါ ။

သူများဆဲလာတိုင်းကိုယ်ပြန်မဆဲနဲ့
သူများရမ်းကားတိုင်းကိုယ်မရမ်းကားနဲ့
လွယ်တဲ့အလုပ်ကို ကိုယ်မလုပ်ပါနဲ့ ။

တန်းဖိုမရှိတဲ့ အလုပ်ဟာ
လွယ်တဲ့ အကုသိုလ်အလုပ်တွေပါပဲ ။

ကိုယ့်ရဲ့တန်ဖိုးတက်ချင်ရင်
သည်းခံခွင့်လွတ်ပြီးတော့နေလိုက်ပါ ။

အရာရာမှာ အောင်မြင်ချင်ရင်
မေတ္တာထား‌ပြီးတော့ ကျော်ဖြတ်ပါ ။

မကောင်းတဲ့အလုပ်ကို
ကိုယ်လည်း လုပ်တတ်ပေမယ့်
အသိဉာဏ်နဲ့ ဆင်ခြင်ပြီးနေလိုက်ပါ ။

သူများ ဆိုးတိုင်းသာ
လိုက်ပြီးတော့ ဆိုးနေမယ်ဆိုရင်
ကိုယ့်လည်း လူမိုက်ပဲဖြစ်ပါတယ် ။

မကောင်းတဲ့သူဟာ
မကောင်းတဲ့ လမ်းကိုပဲဖယ်သွားမို့လို့
ကိုယ်ကောင်းဖို့အတွက်ပဲ ကြိုးစားပါ ။

သာရ ဂ ဝေ သီ🙏🙏🙏
မျှဝေကုသိုလ်ယူပါသည်။
#kk

image