တစ်ယောက်တည်း..နေတတ်အောင်နေ..

ချမ်းတယ်ထင်ရင် အနွေးထည်ဝတ်လိုက်..

ဗိုက်ဆာတယ်ထင်ရင် မုန့်ဝယ်စားလိုက်..

ကိုယ့်နွေးထွေးမှုဟာ သူ့ကြောင့်တော့မဖြစ်
စေသလို..

ကိုယ့်ဆာလောင်မှုဟာ သူကြောင့်တော့
မဖြစ်စေနဲ့။

ဘယ်သူ့ကိုမှ စိတ် မ စွဲ နဲ့။

ဘယ်အရာကိုမှ ပုံသေမှတ်မယူနဲ့။

သိပ်နီးကပ်ပါတဲ့ အရိပ်ဆိုတာတောင်
အမှောင်မြင်ရင်အဝေးကိုပြေးသွားတတ်တဲ့ ဘဝမှာ..

ကိုယ်က
ဘယ်အရာပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်

တစ်ခဏပိုင်ဆိုင် သာယာမိတာကို
ထာဝရပိုင်မယ်ဆိုပြီး စိတ်ဆွဲနေရင်..

တစ်စုံတစ်ရာရှိမှ ရှင်သန်နိုင်မယ်ထင်ရင် ..

ကိုယ့်ရှင်သန်ခြင်းဟာ မောပန်းလာသလို..

ကိုယ့်ပျော်ရွှင်ခြင်းဟာလည်း
ဝေးသထက် ဝေးကာ မပျော်ရွှင်တဲ့ဘဝကို ရစေနိုင်လို့ပါ။
credit
#mcs