"ဒီတိုင်းလေး ချစ်တဲ့သူကို သတိရမယ်"
ကိုယ်ချစ်တဲ့သူကို
သတိရတဲ့အခါ
ပျော်ခဲ့ ပါးခဲ့
ကြည့်နူးခဲ့တာတွေကို
သတိရမနေဘဲနဲ့ …၊
ပျော်ချင် ပါးချင်
ကြည်နူးချင်တဲ့ စိတ်ကလေးနဲ့
သတိရမနေဘဲနဲ့ …၊
ကျန်းမာပါစေ ချမ်းသာပါစေလို့
မေတ္တာလေးပွားပြီး
သတိရနေမယ်ဆိုရင်
စိတ်အေးချမ်းသွားပါတယ်။
ကိုယ်ချစ်တဲ့သူ
ကိုယ်ကြည်ညိုတဲ့သူကို…
ကိုယ်ချစ်ခဲ့
ကြည်ညိုခဲ့တာတွေ၊
ကိုယ်စောင့်ရှောက်ခဲ့
ကူညီခဲ့တာတွေ၊
ကိုယ်ပေးကမ်းခဲ့
လှူဒါန်းခဲ့တာတွေကို
ပြန်သတိရရင်… ဒါလည်းပဲ
မေတ္တာနဲ့ သတိရတယ်လို့
ပြောလို့ရတယ် …။
စာဂနုဿတိနဲ့ …
သတိရတယ်လို့လည်း
ပြောလို့ရတယ်။
ကိုယ်ချစ်တဲ့သူကို
ကူညီစောင့်ရှောက်
ခဲ့တာလေးတွေကို
ပြန်တွေးလိုက်တော့
စာဂနုဿတိဘာဝနာတောင်
ဖြစ်သွားသေးပါတယ်။
သတိရနည်းလေး
ပြောပေးတာပါနော် …။
အရှင်ဆန္ဒာဓိက
(နေလင်း)
Mi piace
Commento
Condividi

