"ဒီလိုပါ ကျွန်​မ​နေမ​ကောင်းဖြစ်​ပြီး အိမ်​ရာထဲက မထနိုင်​တဲ့အချိန်​ကျ​တော့ ကျွန်​မမှာ စားစရာမရှိ​တော့ဘူး​လေ။ ​ငွေလည်း​တော်​​တော်​ကုန်​​နေပြီ။ါနဲ့ ဘားအံ့က သားကြီးဆီ ငွေနည်းနည်း​လောက်​ ပို့​ပေးဖို့ ဖုန်းဆက်​ပြီးလှမ်း​ပြောတယ်​။

ဒါ​ပေမယ့်​ သားကြီးက ဖုန်းမကိုင်​ဘူး အမရယ်​။ ဒါနဲ့သားငယ်​ဆီ ပြောင်းပြီးဆက်​တယ်။ သူ လည်း ဖုန်းမကိုင်​ဘူး။ နှစ်​​ယောက်လုံးဆီကို ဆယ်​ခါ ဆယ့်​ငါးခါ​လောက်​ခေါ်တယ်​။ တစ်​​ယောက်​ မှ ဖုန်း မကိုင်​ကြဘူး။

ဒါနဲ့ကျွန်​မလည်း အိမ်​မှာ အတူ​နေတဲ့ သမီးငယ်​​လေးကို ကျွန်​မကို ထမင်းနည်းနည်း​လောက်​​ကျွေးဖို့​ပြော​တော့။ သူကပြန်​​ပြောတယ်​ မ​ကျွေးနိုင်​ပါဘူး​တော်​။ အခုတစ်​​လော​ တော့ လုပ်​စာ ဘယ်​နှစ်ပြား ရှိလို့လဲ။ အိမ်​မှာ ထမင်းလည်း မချက်​ဘူး။ ချက်​လည်း​ တော်​နှိုက်​စားမှာစိုးလို့မချက်​တာလို့ ကျွန်​မကို​ပြောတယ် ​အမရယ်​"

ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် .....

လ၇ိပ်ချို: အ န်​ တီေ အး   ( ၀တ္ထုတို)
Favicon 
layiepcho.blogspot.com

လ၇ိပ်ချို: အ န်​ တီေ အး ( ၀တ္ထုတို)

(၁) "ဒန်​အိုး​ပေါက်​​​ ဒယ်​အိုး​ပေါက်​ ​ရေသန့်​ဘူးခွံ ဘီယာဘူး ပလပ်​စတစ်​ပစ္စည်း​တွေ ဝယ်​တယ်​" မနက်​ ၁၁ နာရီ​လောက်​ အိမ်​​ရှေ့မှာ ဒီ...