"ဒီလိုပါ ကျွန်မနေမကောင်းဖြစ်ပြီး အိမ်ရာထဲက မထနိုင်တဲ့အချိန်ကျတော့ ကျွန်မမှာ စားစရာမရှိတော့ဘူးလေ။ ငွေလည်းတော်တော်ကုန်နေပြီ။ါနဲ့ ဘားအံ့က သားကြီးဆီ ငွေနည်းနည်းလောက် ပို့ပေးဖို့ ဖုန်းဆက်ပြီးလှမ်းပြောတယ်။
ဒါပေမယ့် သားကြီးက ဖုန်းမကိုင်ဘူး အမရယ်။ ဒါနဲ့သားငယ်ဆီ ပြောင်းပြီးဆက်တယ်။ သူ လည်း ဖုန်းမကိုင်ဘူး။ နှစ်ယောက်လုံးဆီကို ဆယ်ခါ ဆယ့်ငါးခါလောက်ခေါ်တယ်။ တစ်ယောက် မှ ဖုန်း မကိုင်ကြဘူး။
ဒါနဲ့ကျွန်မလည်း အိမ်မှာ အတူနေတဲ့ သမီးငယ်လေးကို ကျွန်မကို ထမင်းနည်းနည်းလောက်ကျွေးဖို့ပြောတော့။ သူကပြန်ပြောတယ် မကျွေးနိုင်ပါဘူးတော်။ အခုတစ်လော တော့ လုပ်စာ ဘယ်နှစ်ပြား ရှိလို့လဲ။ အိမ်မှာ ထမင်းလည်း မချက်ဘူး။ ချက်လည်း တော်နှိုက်စားမှာစိုးလို့မချက်တာလို့ ကျွန်မကိုပြောတယ် အမရယ်"
ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် .....

