အသိျဖင္႔ လုပ္သူတို႔ သခင္ျဖစ္လာၾကၿပီး၊ အသိမဲ႔သူတို႔ ကြ်န္ျဖစ္သြားၾကသည္။
ကမၻာေက်ာ ္ဘီလီယံနာႀကီးမ်ား၊ လုပ္ငန္း႐ွင္ႀကီးမ်ားကို ေလ႔လာလွ်င္ မိဘ အေမြခံထက္ ကိုယ္႔ဒူး ကိုယ္ခြ်န္ ႀကိဳးစား ရင္း ျဖစ္လာၾကေသာအေရအတြက္က မ်ားေၾကာင္း ေတြ႔ရပါလိမ္႔မည္ ။
ကမၻာ႔အေတာ္ဆံုး ရင္းႏွီးျမွုပ္ႏွံမႈ သူေဌးႀကီး ဝါရင္း ဘတ္ဖတ္မွာ (၁၁) ႏွစ္သား အ႐ြယ္တြင္ Jackpot ကို ေဒၚလာဆယ္ဂဏန္း၊ ရာဂဏန္းျဖင္႔ စတင္ဝယ္ယူခဲ႔၏။ ယေန႔ အသက္ (၈ဝ) ေက်ာ္သည္အထိ တက္ၾကြ စြာ အလုပ္ လုပ္တုန္း ႐ွိေသးသည္။
Microsoft ၏ အ႐ွင္သခင္ျဖစ္ေသာ Bill Gates သည္လည္း ဆယ္ေက်ာ္သက ္ဘဝကပင္ မည္သူ၏ တိုက္တြန္းမႈမွ် မပါဘဲ သူငယ္ခ်င္းႏွင္႔ စုကာ ေဒၚလာရာဂဏန္းျဖင္႔ ကားဂိုေဒါင္ထဲတြင္ ကြန္ပ်ဴတာကို တီထြင္ခဲ႔သူ ျဖစ္သည္ ။
ခ်မ္းသာျခင္း၊ ေက်ာ္ေဇာျခင္း၊ ေအာင္ျမင္ျခင္းတို႔သည္ မုိးေပၚမွက်လာသည္မဟုတ္၊ ပေဒသာပင္မွ ဆြတ္ခူး ရသည္လည္းမဟုတ္၊ ႀကိဳးစားမုွ၊ ႀကိဳးစားတတ္မွ ရ႐ွိၾကျခင္း ျဖစ္သည္။ လမ္းထိပ္တြင္ မုန္႔ေဝေနပါသည္ ဟု ဆိုထားလ်က္ ထိုမုန္႔ေဝ ေသာေနရာသုိ႔မသြားလွ်င္ ထိုမုန္႔က မိမိထံ အလိုအေလ်ာက္ မလာႏိုင္ပါ။ လမ္း ထိပ္ သုိ႔လည္း သြားရပါမည္။ လူလည္း တိုးရပါမည္ ။ သုိ႔မွသာ မုန္႔ရပါလိမ္႔မည္ ။
ကိုယ္႔လူမ်ိဳး၊ ကိုယ္႔တိုင္းျပည္ကို မခ်စ္သည္႔သူ မ႐ွိ၊ သုိ႔ေသာ္လည္း ခ်စ္တိုင္းလည္း ဘာမွမလုပ္လွ်င္ ဘာမွရမည္မဟုတ္၊ မွန္မွန္ကန္ကန္ ခ်စ္တတ္မွ၊ မွန္မွန္ကန္ကန္ အလုပ္လုပ္တတ္မွ ႏိုင္ငံဖြံ႔ၿဖိဳးေရးကို တစ္စံုတစ္ရာ ေဆာင္႐ြက္ႏိုင္မည္သာ ျဖစ္သည္ ။ ထိုင္ခ်စ္ေန႐ံုျဖင္႔ ဘာမွျဖစ္မလာသည္ကား ေသခ်ာ၏။
အခ်စ္မွား၍ မေျပာရဲ၊ မဆိုရဲ႐ွိလွ်င္လည္း ' ခ်စ္ရာ မေရာက္၊ ႏွစ္-ရာသာေရာက္' မည္ျဖစ္ပါမည္။ ကိုယ္႔လူမ်ိဳး၊ ကိုယ္႔ႏိုင္ငံကို မွန္မွန္ကန္ကန ္ခ်စ္လွ်င္ မွန္မွန္ကန္ကန္ ေထာက္ျပရဲရမည္သာ ျဖစ္သည္ ။ လူမုန္း မည္ကိုေၾကာက္လွ်င္ အဂတိတရား ျဖစ္သည္၊ ႏိုင္ငံကို ခ်စ္ျခင္းထက္ မိမိ အက်ိဳးစီးပြား ကို ေ႐ွ႔တန္းတင ္ျခင္း သာ ျဖစ္သည္၊ သို႔ဆိုလွ်င္ ျမန္မာလူမ်ိဳးတို႔ မွန္မွန္ကန္ကန္ ေတြးေခၚၾကၿပီလား၊ မွန္မွန္ကန္ကန္ လုပ္ကိုင္ ၾကၿပီလား ဟူသည္ကို ေစာေၾကာဖို႔ ျဖစ္လာပါေတာ႔မည္။
ပံုကိုႏွိပ္၍ ဆက္လက္ ဖတ္ရွုပါရန္ .....
Unicode ....
အသိဖြင့် လုပ်သူတို့ သခင်ဖြစ်လာကြပြီး၊ အသိမဲ့သူတို့ ကျွန်ဖြစ်သွားကြသည်။
ကမ္ဘာကျော ်ဘီလီယံနာကြီးများ၊ လုပ်ငန်းရှင်ကြီးများကို လေ့လာလျှင် မိဘ အမွေခံထက် ကိုယ့်ဒူး ကိုယ်ချွန် ကြိုးစား ရင်း ဖြစ်လာကြသောအရေအတွက်က များကြောင်း တွေ့ရပါလိမ့်မည် ။
ကမ္ဘာ့အတော်ဆုံး ရင်းနှီးမြှုပ်နှံမှု သူဌေးကြီး ဝါရင်း ဘတ်ဖတ်မှာ (၁၁) နှစ်သား အရွယ်တွင် Jackpot ကို ဒေါ်လာဆယ်ဂဏန်း၊ ရာဂဏန်းဖြင့် စတင်ဝယ်ယူခဲ့၏။ ယနေ့ အသက် (၈ဝ) ကျော်သည်အထိ တက်ကြွ စွာ အလုပ် လုပ်တုန်း ရှိသေးသည်။
Microsoft ၏ အရှင်သခင်ဖြစ်သော Bill Gates သည်လည်း ဆယ်ကျော်သက ်ဘဝကပင် မည်သူ၏ တိုက်တွန်းမှုမျှ မပါဘဲ သူငယ်ချင်းနှင့် စုကာ ဒေါ်လာရာဂဏန်းဖြင့် ကားဂိုဒေါင်ထဲတွင် ကွန်ပျူတာကို တီထွင်ခဲ့သူ ဖြစ်သည် ။
ချမ်းသာခြင်း၊ ကျော်ဇောခြင်း၊ အောင်မြင်ခြင်းတို့သည် မိုးပေါ်မှကျလာသည်မဟုတ်၊ ပဒေသာပင်မှ ဆွတ်ခူး ရသည်လည်းမဟုတ်၊ ကြိုးစားမုှ၊ ကြိုးစားတတ်မှ ရရှိကြခြင်း ဖြစ်သည်။ လမ်းထိပ်တွင် မုန့်ဝေနေပါသည် ဟု ဆိုထားလျက် ထိုမုန့်ဝေ သောနေရာသို့မသွားလျှင် ထိုမုန့်က မိမိထံ အလိုအလျောက် မလာနိုင်ပါ။ လမ်း ထိပ် သို့လည်း သွားရပါမည်။ လူလည်း တိုးရပါမည် ။ သို့မှသာ မုန့်ရပါလိမ့်မည် ။
ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ကို မချစ်သည့်သူ မရှိ၊ သို့သော်လည်း ချစ်တိုင်းလည်း ဘာမှမလုပ်လျှင် ဘာမှရမည်မဟုတ်၊ မှန်မှန်ကန်ကန် ချစ်တတ်မှ၊ မှန်မှန်ကန်ကန် အလုပ်လုပ်တတ်မှ နိုင်ငံဖွံ့ဖြိုးရေးကို တစ်စုံတစ်ရာ ဆောင်ရွက်နိုင်မည်သာ ဖြစ်သည် ။ ထိုင်ချစ်နေရုံဖြင့် ဘာမှဖြစ်မလာသည်ကား သေချာ၏။
အချစ်မှား၍ မပြောရဲ၊ မဆိုရဲရှိလျှင်လည်း ' ချစ်ရာ မရောက်၊ နှစ်-ရာသာရောက်' မည်ဖြစ်ပါမည်။ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံကို မှန်မှန်ကန်ကန ်ချစ်လျှင် မှန်မှန်ကန်ကန် ထောက်ပြရဲရမည်သာ ဖြစ်သည် ။ လူမုန်း မည်ကိုကြောက်လျှင် အဂတိတရား ဖြစ်သည်၊ နိုင်ငံကို ချစ်ခြင်းထက် မိမိ အကျိုးစီးပွား ကို ရှေ့တန်းတင ်ခြင်း သာ ဖြစ်သည်၊ သို့ဆိုလျှင် မြန်မာလူမျိုးတို့ မှန်မှန်ကန်ကန် တွေးခေါ်ကြပြီလား၊ မှန်မှန်ကန်ကန် လုပ်ကိုင် ကြပြီလား ဟူသည်ကို စောကြောဖို့ ဖြစ်လာပါတော့မည်။
ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် .....

