ရူပဗေဒကတော့ဆိုတယ်
အလင်းဟာ အမှုန်များစွာနဲ့ ဖွဲ့စည်းထားပါသတဲ့။
ကျွန်မတို့ တိုင်းပြည်တွက်တော့
အလင်းဟာ သွေးစက်တွေနဲ့ ဖွဲ့စည်းထားဟန်တူရဲ့။
အဖိုးတန် သွေးစက်ပေါင်းများစွာ
ရင်းပြီးရင်း ရင်းနေကြပေမဲ့
မလင်းနိုင်သေးဘူး။
ပျော်စရာမရှိတဲ့ခေတ်ကြီးထဲ
နေပျော်အောင် နေရတာလည်း အပြစ်တခု။
ရင်နာစရာတွေများစွာထဲ
ရယ်စရာစကား ပြောမိတာလည်း အပြစ်တခု။
ကိုယ်ရော စိတ်ပါ ဒဏ်ရာနဲ့လူများစွာထဲ
ကိုယ့်ဒုက္ခတွေထပ်တိုးသွင်းပြီး ငိုချင်းချရမှာလည်း အပြစ်တခု။
ဒါသည်ပင် မလွတ်လပ်မှုလို့ ကျွန်မ ခေါင်းစဉ်တပ်မယ်။
ဘယ်သူ့ကိုမှ မငဲ့ဘဲ
အားရှိပါးရှိ ရယ်ချင်တယ်။
ဘယ်သူ့ကိုမှ အားမနာဘဲ
စိတ်ရှိလက်ရှိ ငိုချင်တယ်။
ကျွန်မ လိုချင်တဲ့ ဒီမိုကရေစီ ဆိုတာ အဲ့ဒါပါပဲ။
Khaing 💛
Curtir
Comentario
Compartilhar


Hay Marn Saw Paing
သမီးလေးနဲ့သည်မှာfriendမဖြစ်သေးဘူးနော်
Deletar comentário
Deletar comentrio ?