ထီပေါက်စဉ်ရပြီ
(BREAKING NEWS)
(၅) ကြိမ်မြောက် အောင်ဘာလေ သိန်းတစ်သောင်းခွဲဆုကြီး
ဟင်္သာတ မြို့မှ အသက် (၈၀) ကျော် အဖွားအိုဆွတ်ခူး
ဟင်္သာတ၊ ဇူလိုင် ၁
ဟင်္သာတ မြို့ အေးမြသာယာ ရပ်ကွက်မှ အသက် ၈၀ ကျော်အရွယ်ရှိ အဖွား ဒေါ်ခင်တင့်သည် င ၉၂၈၁၇၇ ထီလက်မှတ်ဖြင့် သိန်း ၁၅၀၀၀ ဆု ဆွတ်ခူးရရှိသွားကြောင်း သိရသည်။
ထီကို အကြွေးထိုးသူတစ်ဦးဟု သူက ပြောပြီး ယခု လ ငွေကျပ် ၆၀၀၀ ဖိုး ထီထိုးသည်ဟု ပြောသည်။
ထီကြွေးတောင် မပေးရသေးပါဟု အဖွား ဒေါ်ခင်တင့်က ပြောသည်။
အလှူလုပ်မည်ဆိုသော ရည်ရွယ်ချက်ဖြင့် ထီထိုးသည့် အဖွားသည် ထီဆုငွေ ထုတ်ပြီးပါက အလှူအတန်းများပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ဇွဲခန့်
Credit: Original uploader
Мне нравится
Комментарий
Перепост

