အချစ်စိတ်‌တွေလွှမ်းပြီး
စိတ်ရောကိုယ်ပါ တစ်သားတည်းကျလာတဲ့အခါ
ဘယ်ကလာတဲ့ ဒဏ်ရာဖြစ်ဖြစ်
နှစ်ယောက်လုံးမှာ နာကျင်ခံစားရတယ်
ဘယ်ကရတဲ့ ပြုံးပျော်စရာဖြစ်ဖြစ်
နှစ်ယောက်လုံးမှာပဲ ကြည်နူးရယ်မောရတယ်

ပျော်စရာတစ်ခုရှိရင် တစ်၀က်စီမျှဝေးပြုံး‌ပျော်မယ်‌
ပျော်စရာတစ်ခုမှမရှိရင် အတူတူရုန်းကန်ဖန်တီးမယ်

ဒါပါပဲ
ဘ၀ထဲက အချစ်စစ်စစ်ဆိုတာ။

#ဆန်းမြထွန်း၀င်း

image