(ဤစာစုသည်
ကျွန်ုပ် ပရဟိတအသင်းဝင်ဖြစ်စဥ်က
ရေးသားခဲ့သောစာစုတစ်ခုမျှသာ ဖြစ်ပါသည်။)
ပရဟိတလုပ်တဲ့အခါ
ကဲ့ရဲ့တာတွေခံရမယ်၊ ကဲ့ရဲ့သံတွေကြားရမယ်။
ချီးမွမ်းတာတွေခံရမယ်၊
ချီးမွမ်းသံတွေကြားရလိမ့်မယ်။
စောင်းမြောင်းပြောဆို
အပြစ်တင်တာတွေလည်းခံရမယ်။
ဝေဖန်သံတွေလည်း ကြားရမယ်။
မြက်လိုလည်း အနင်းခံရမယ်၊
ပန်းလိုလည်းအနမ်းခံရမယ်။
ပရဟိတလုပ်တယ်ဆိုတာ
တော်ရုံတန်ရုံစိတ်ဓါတ်နဲ့၊
တော်ရုံတန်ရုံခံယူချက်နဲ့ လုပ်လို့မရနိုင်ဘူး။
စိတ်ဓါတ်မခိုင်ရင်၊ ကဲ့ရဲ့သံတွေကြားတဲ့အခါ
စိတ်ပျက်သွားနိုင်တယ်။
ချီးမွမ်းသံတွေကြားတဲ့အခါ
ဘဝင်မြင့်သွားနိုင်တယ်။
အဲ့လိုလည်း မဖြစ်ရဘူးနော်
စောင်းမြောင်းပြောဆို၊
အပြစ်တင်ဝေဖန်သံတွေ ကြားရတဲ့အခါ
သည်းခံနိုင်ဖို့ အထူးလိုအပ်ပါတယ်။
ငါ့မှာ ငွေမရှိလို့ မလှူနိုင်ပါဘူးဆိုပြီး၊
စိတ်ဓါတ်တွေကျမသွားပါနဲ့။
စိတ်ဓါတ်တွေကျနေရင် သဒ္ဓါစိတ်တွေပါပျောက်ပြီး
ဘာမှမလှူလိုက်ရဘဲ ဖြစ်သွားတတ်တယ်။
အဲ့ဒီလိုလည်း မဖြစ်ပါစေနဲ့။
ပရဟိတလုပ်တဲ့အခါ ခရေပန်းလိုနေပါ
မပန်လည်းမွှေး၊ ပန်လည်းမွှေး
နွမ်းခြောက်သွားလည်း မွှေးနေလျက်ပေါ့။
#မောင်လူအေး(ဧရာဝတီ)
၁၃၇၈ ခုနှစ်၊
ပြာသိုလဆန်း ၅ရက်၊
တနင်္လာနေ့၊ 02.01.2017
Telegarm link
https://t.me/maungluaye/13
Facebook link
https://m.facebook.com/story.p....hp?story_fbid=pfbid0

