အိပ်မရရင်လည်း ကလစ်တယ်၊
အိပ်ဝရင်လည်း ကလစ်မယ်...

အလုပ်နားရင်လည်း ကလစ်တယ်၊
အလုပ်သွားရင်လည်း ကလစ်မယ်...

ဝမ်းသာရင်လည်း ကလစ်တယ်၊
ဝမ်းနည်းရင်လည်း ကလစ်မယ်...

မလှူနိုင်ရင်လည်း ကလစ်တယ်၊
မကူနိုင်ရင်လည်း ကလစ်မယ်...

တရားမျှတမှုအတွက် ကလစ်တယ်၊
အဓမ္မကျရှုံးဖို့ ကလစ်မယ်...

နိုင်ငံအတွက် ကလစ်ကြတယ်၊
အနာဂါတ်အတွက် ကလစ်ရမယ်...

ငါတို့ကလစ်တချက်နဲ့
အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကြမယ်...
ကလစ်ကာ တီတီ