စာမမြင် ပေမသိ
နေမိငဲ့ နေရာ ၊
ခြေမရှိ နှစ်ဗလာ
ကျင့်အာစာ ယုတ်ဆိုး၊

အဿဇိ ပုနဗဗြဿုကလို
ပြုတတ်စွာ ဒုဿီလမျိုး ၊

ပိုက်ဆံရှိ ဒကာမြင်လျှင်
အာရွှင်ရွှင် လေအိုး၊
ထာဝစဉ် ရိုကျိုးလို့
ရှိခိုးတော့ မလိုလို၊

အောက်ကျို့ကာဆိုစကားတွေနဲ့ နှစ်ကိုယ်ကြား မိန့်ခွန်းသံချို ၊

အလိုလိုက် အကြိုက်ပိုသည်စေလိုရာ စေကြတော့ နေ့ညကွယ် သူမရှောင်စွမ်းနိုင်တဲ့ မောင် ၊
လာဘ်ရမည့် အသွင်ဆောင်လျှင်မစင်တောင် ကျုံးမည်ပါ့ လေး။ ။

[ လယ်တီဆရာတော်]✍

image