လူတစ်ကိုယ်လုံးလည်း မကျေနပ်တဲ့အနံ့တွေစွဲနေပြီ ။

ရေဘယ်လောက်ချိုးချိုး အနံ့ကမပျောက်ဘူး ။

ပန်းတွေ ပွင့်လည်း ပွင့်ပွင့်ပဲ ။

ညနေခင်းက လိမ္မော်သီးဖြစ်သွားလည်း ဖြစ်ဖြစ်ပဲ ။

မိုးရွာပြီး သက်တံပေါ်လည်း ပေါ်ပေါ်ပဲ ။

ဘာကိုမှမတွေးနဲ့ဆိုလည်း နေ့တိုင်းကိုယ့်ရှေ့ရောက်နေတာတွေကို ဘယ်လိုဖယ်မလဲ ။

တပင်တပန်းတွေက တသီတတန်းကြီးပွင့်နေတာ ။

ဘဝလည်းမပျက်သေး ၊ ထမင်းလည်းမငတ်သေးဘဲ မပျော်တော့တာ ။

အမှောင်တွင်းကြီးထဲ တစ်ဦးနဲ့တစ်ဦးမြင်ပြီး ပြုံးနိုင်ရယ်နိုင်သေးတာကို မရှက်နဲ့ ။

အမှောင်တွင်းကြီးထဲ တစ်ဦးနဲ့တစ်ဦးမြင်ပြီး ပြုံးနိုင်ရယ်နိုင်သေးတာက နေရောင်ခြည်ပဲ ။

Crd - မြကျေး