လူတစ်ကိုယ်လုံးလည်း မကျေနပ်တဲ့အနံ့တွေစွဲနေပြီ ။
ရေဘယ်လောက်ချိုးချိုး အနံ့ကမပျောက်ဘူး ။
ပန်းတွေ ပွင့်လည်း ပွင့်ပွင့်ပဲ ။
ညနေခင်းက လိမ္မော်သီးဖြစ်သွားလည်း ဖြစ်ဖြစ်ပဲ ။
မိုးရွာပြီး သက်တံပေါ်လည်း ပေါ်ပေါ်ပဲ ။
ဘာကိုမှမတွေးနဲ့ဆိုလည်း နေ့တိုင်းကိုယ့်ရှေ့ရောက်နေတာတွေကို ဘယ်လိုဖယ်မလဲ ။
တပင်တပန်းတွေက တသီတတန်းကြီးပွင့်နေတာ ။
ဘဝလည်းမပျက်သေး ၊ ထမင်းလည်းမငတ်သေးဘဲ မပျော်တော့တာ ။
အမှောင်တွင်းကြီးထဲ တစ်ဦးနဲ့တစ်ဦးမြင်ပြီး ပြုံးနိုင်ရယ်နိုင်သေးတာကို မရှက်နဲ့ ။
အမှောင်တွင်းကြီးထဲ တစ်ဦးနဲ့တစ်ဦးမြင်ပြီး ပြုံးနိုင်ရယ်နိုင်သေးတာက နေရောင်ခြည်ပဲ ။
Crd - မြကျေး
Like
Comment
Share

